ဟန်ဆောင်ခြင်းများ ကင်းပါစေ
★★★★★★★★★★★★★★★
လူအထင်အကြီးခံရဖို့လောက်နဲ့တော့
ကိုယ့်ကိုယ်ကို ဟန်ဆောင်ပြီး
အလိမ်အကောက်တွေ မလုပ်မိပါစေနဲ့။
အထင်ကြီးတော့လည်း
ဘယ်လောက်အထင်ကြီးနိုင်မှာလဲပေ့ါ။
ချီးမွန်း (ရ)ရက်၊ ကဲ့ရဲ့ (ရ)ရက်လောက်ပါပဲ။
မရှိဘဲနဲ့ ရှိချင်ယောင်ဆောင်ပြီး
အထင်ကြီးအောင် ဖန်တီးနေမှုရဲ့ နောက်ကွယ်မှာ
ကိုယ့်ကိုယ်ကို နစ်မွန်းစေတဲ့အပြုအမူတွေနဲ့
အပြစ်တွေကိုသာ ဆက်တိုက်လုပ်ဖြစ်နေတတ်ပါတယ်။
ပိုဆိုးတာက သူများက အထင်ကြီးခံရပြီးမှ
အထင်သေးသွားရင် ပြန်ပြီးအထင်ကြီးဖို့
မဖြစ်နိုင်တတ်ပါဘူး။ အထင်သေးထားပြီးမှ
အထင်ကြီးသွားတာက ရိုသေလေးစားမှုကို
ပိုပြီးခိုင်မြဲနေတတ်ပါတယ်။ အရေးကြီးဆုံးက
သူများအထင်ကြီးဖို့ထက် ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်လိုက်တိုင်း
အပြည့်အစုံကြီး မဟုတ်တာတောင်မှ
“မဆိုးဘူး”ဆိုတဲ့ ခံယူချက်မျိုး ရရှိစေဖို့က
အရေးအကြီးဆုံးပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဘာလဲ၊
ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်ကိုယ်တိုင်
အသိဆုံး ဖြစ်နေလို့ပါပဲ။
အသိရှိပါ၊ သတိမလွတ်ပါစေနဲ့။
[မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)]