Sunday, October 20, 2019

မကြာခင်....

မကြာခင် 
တစ်ဆောင်းသစ်ဦးတော့မယ်

အေးစိမ့်တဲ့ညတွေရောက်တိုင်း
အချမ်းလုံအောင် 
လက်ပိုက်ထားမယ် 

အိတ်ပါတဲ့ 
အနွေးထည်လေး ရွေးဝယ်မယ် 

တစ်ယောက်ထဲချမ်းလာတဲ့အခါ
အာငွေ့လေးနဲ့ ကိုယ့်လက်ဖဝါးကို
အပူလေး ပေးမယ် 

မိုးဦးအတိတ်တွေကတော့
ငြိမ်ငြိမ်သက်သက်ရှိပါစေပေါ့ 

ကိုယ့်အပေါ်မှ
ရွေးပြီးရွာခဲ့တာမဟုတ်တဲ့အတွက်လည်း
လောကဓံတိမ်ညိုတွေကို
ခွင့်လွှတ်စိတ်နဲ့ နားလည်ရပြန်တယ်

အလွမ်းဇာတာပါလာရင်
သံယောဇဉ်မိုးနဲ့ 
တည့်တည့်တိုးတတ်တာပဲ

ဗြုန်းခနဲသည်းပြီး
အရွာတိတ်သွားတဲ့ အပြုံးတွေကို
အေးစက်စက် ညတွေမှာလည်း
စိတ်လိုလက်ရ
လိုက်မရှာဖြစ်လောက်တော့ဘူး

သေချာသွားခဲ့တယ်
ဒီနှစ်အလွမ်းဟာ
အဝင် စောဦးမယ် ထင်ပါရဲ့

______အေးရိပ်

No comments:

Post a Comment

ကုသိုလ် စွမ်းအား

 ကုသိုလ် စွမ်းအား 💟😊😇☸️🥰😊😇 ဘာကိုအကြောင်းပြုပြီး ပြုတဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်မှန်သမျှ- *အနဝဇ္ဇ=အပြစ်ကင်းခြင်း၊ *သုခဝိပါက=ချမ်းသာကျို...