ဆရာမ
___
နှစ်ဆယ်တစ်ပတ်လည်အသက်နဲ့
နာမည်ရှေ့က
ဒေါ် တပ်တယ် ။
လော် ကပ်ထားသလို
အသံကျယ်ပြီး
လေးဆယ်ကျော်အပျိုကြီးစတိုင်နဲ့
ဓာတ်ပုံရိုက်ရတာ သိပ်ကြိုက်တဲ့
ပါလေရာ ကလေးဗိုလ် မမ ။
မျှော်စရာ ဆိုရင်လည်း
လစာထုတ်ရက်ပဲရှိလို့
ခေါ်စရာ ဆိုရင်လည်း
အချစ်တော် တပည့်လေးတွေပဲရှိလို့
ဂေါ်မစွံတာလို့တော့
မထင်ပါနဲ့ ။
ဖျော်စရာ
ကော်ဖီထုပ်လေးတွေဆောင်ပြီး
မသိမသာကြောင်ချင်တဲ့သူတွေကို
ဘော်လီပုတ်သလိုရှောင်တတ်တဲ့
ငွေသော်တာ အတွက်တော့
အချစ်ဆိုတာ
ဝိုင်းဝိုင်းလည်နေတဲ့ကလေးတွေကို
မျှပေးလိုက်တဲ့
မှင်နီထိပ်က
အမှတ်လေးတွေလေ ။
လေးကြောင်းမျဉ်းထက်က
မညီမညာ ကကြီး ခခွေး လေးတွေကို
စိတ်ရှည်သလောက်
ကီးဘုတ်ထက်က
မလီပလာ ဘာညာသာတကာတွေဆို
သိပ် စိတ်မရှည်ချင်တဲ့
facebook user ဇာတ်လမ်းတွေရဲ့
ဒါရိုက်တာ
ဒေါ်ဂဂျီဂဂျောင်မလေး ။
ဂီယာ နှစ်ချက်နင်း7
လီဗာ မိုင်ကုန်ဗျင်းပြီး
ရီ(ရယ်)စရာ ဆိုင်ကယ်ဦးထုပ်
အကြီးကြီးဆောင်းတတ်တဲ့
ကျောင်းသွားကျောင်းပြန်လမ်းပေါ်က
ပါဝါရိမ်းဂျား အစိမ်းကောင်လေးနဲ့တူတဲ့
ချစ်ရပါသော
ဆရာမ ။
#ဦးကာ
Friday, June 29, 2018
Subscribe to:
Post Comments (Atom)
ကုသိုလ် စွမ်းအား
ကုသိုလ် စွမ်းအား 💟😊😇☸️🥰😊😇 ဘာကိုအကြောင်းပြုပြီး ပြုတဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်မှန်သမျှ- *အနဝဇ္ဇ=အပြစ်ကင်းခြင်း၊ *သုခဝိပါက=ချမ်းသာကျို...
-
ဟောဒီ ဘဒ္ဒကမ္ဘာမှာ ... အချစ်တတ်ဆုံးအမျိုးသမီး ၊ ရိုမန်တစ်အဆန်ဆုံးအမျိုးသမီးက ဘုရားအလောင်းတော် သိဒ္ဓထ္ထမင်းသားရဲ့ ကြင်ယာတော် ယသေ...
-
ဆရာမ ___ နှစ်ဆယ်တစ်ပတ်လည်အသက်နဲ့ နာမည်ရှေ့က ဒေါ် တပ်တယ် ။ လော် ကပ်ထားသလို အသံကျယ်ပြီး လေးဆယ်ကျော်အပျိုကြီးစတိုင်နဲ့ ဓာတ်ပုံရိုက်ရတာ...
-
Google Drive (ဂူဂဲလ် ဒရိုက်ဖ်) အကြောင်း ကျွန်တော်တို့တွေရဲ့ ဖုန်းအများစုမှာ Google က ထုတ်ထားတဲ့ မိုဘိုင်းဖုန်း အပ်ပလီကေးရှင်းတွေ...

No comments:
Post a Comment