အမည်းရောင်မဟုတ်ရင်
အဖြူမဟုတ်တဲ့
တခြားအရောင်တွေလည်းရှိတတ်ပါသေးရဲ့
ငါသိ ၊ ငါတတ်
ငါမြင့်မြတ်ဆိုတာတွေဟာ
အရူးရိပ်ကို ပိုမြင့်မောက်စေမယ့်
ဘဝင်မှိုင်းတွေ
ဆုပ်ကိုင်ထားမှုတွေကို
ပြန်ခွာချဖို့ ခဲခက်စေတဲ့
မာနအစေးတွေပါ
အမှန်တရားကို ကြိုက်သူ ရှိသလို
ကြောက်သူလည်း ရှိမှာပေါ့
အပြိုင်အဆိုင် ငြင်းခုံနေကြ
အပြန်အလှန် ရှုံ့ ချနေကြမှာထက်စာရင်
နှလုံးသားကျယ်ကျယ်
နားလည်မှုကြီးကြီးထားလိုက်ကြတာ
နှစ်ဖက်စလုံးမှာ
ပိုကောင်းမယ်
မကင်းနိုင်ကြသေးရင်
မတူညီမှုတွေကိုပဲ လက်ခံ ညှိနှိုင်း
နောက်ကျောက ဝှက်လာတဲ့ ဓားတွေကို
အလံဖြူ နဲ့ ရစ်သိုင်းလိုက်တာ
ပိုကောင်းပါလိမ့်မယ်
ဘဝမှာ ဒီ့ထက်ပျော်စရာကောင်းတဲ့
ဆက်ဆံရေးလေးတွေ စီးဆင်းဖို့
ကိုယ့်ရပ်တည်ချက်ကမ်းပါးယံတစ်ခုလုံး
ပြိုပျက်ပေးစရာမလိုပါဘူး
စူးစူးထွန်းနေတဲ့ အတ္တသောင်အချို့ကိုသာ
ပါးလျဖြေဖျော့ပေးလိုက်ဖို့ လိုအပ်နေတာပါ
Subscribe to:
Post Comments (Atom)
ကုသိုလ် စွမ်းအား
ကုသိုလ် စွမ်းအား 💟😊😇☸️🥰😊😇 ဘာကိုအကြောင်းပြုပြီး ပြုတဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်မှန်သမျှ- *အနဝဇ္ဇ=အပြစ်ကင်းခြင်း၊ *သုခဝိပါက=ချမ်းသာကျို...
-
ဟောဒီ ဘဒ္ဒကမ္ဘာမှာ ... အချစ်တတ်ဆုံးအမျိုးသမီး ၊ ရိုမန်တစ်အဆန်ဆုံးအမျိုးသမီးက ဘုရားအလောင်းတော် သိဒ္ဓထ္ထမင်းသားရဲ့ ကြင်ယာတော် ယသေ...
-
ဆရာမ ___ နှစ်ဆယ်တစ်ပတ်လည်အသက်နဲ့ နာမည်ရှေ့က ဒေါ် တပ်တယ် ။ လော် ကပ်ထားသလို အသံကျယ်ပြီး လေးဆယ်ကျော်အပျိုကြီးစတိုင်နဲ့ ဓာတ်ပုံရိုက်ရတာ...
-
Google Drive (ဂူဂဲလ် ဒရိုက်ဖ်) အကြောင်း ကျွန်တော်တို့တွေရဲ့ ဖုန်းအများစုမှာ Google က ထုတ်ထားတဲ့ မိုဘိုင်းဖုန်း အပ်ပလီကေးရှင်းတွေ...
No comments:
Post a Comment