ပိုးကျသွားတဲ့ပန်းပွင့်တွေ
_________________
သိမ်ထဲမှာ သန္ဓေတည်ပြီး
ကမ္မဝါနဲ့အတူ မွေးဖွားခဲ့တာပဲ
အတ္တ ပရ နှစ်ဖက်လှအောင်
နီတိ သဒ္ဒါ အခါခါလည်း သင်ခဲ့ရရဲ့
အောင်မြင်ခြင်းက ဓားသွားပဲဆို
မြ, အောင်သွေးယူတာ အပြစ်မဟုတ်ဘူး
အထက်လွန်ပြီး သာမဏသညာထိ သွားရှရင်တော့
ရွံရှာဖွယ်အပြစ်ပဲ
မျိုးစေ့လေးဘဝကို ပြန်ကြည့်ပါ
မင်းဖြူစင်ခဲ့တာကို တွေ့ရမှာပါ
အကြော်တစ်ကွင်း
မသိုးထမင်းနဲ့
စားလို့မြိန်ခဲ့တာကို မြင်ရမှာပါ
ရေလိုက်လွဲလာတဲ့ ခေတ်အသစ်မှာ
ကျန်တာမျောချင်တာမျော
မင်း စာရိတ္တ တော့
မမျောစေချင်မိခဲ့
ဘယ်တတ်နိုင်မလဲလေလို့ မင်းဖြေလည်း
ဆင်ခြေ က ဆင်ခြေ
အမှန်တရားက အမှန်တရား
"ဟိရီသြတပ္ပ" ကန့်လန့်ကာတော့
သွင်သွင်ခြားနားနေမှာပါ
ဘဝကို
လယ်ယာမြေကောင်းသဖွယ် မထွန်ယက်နိုင်လို့
မကဲ့ရဲ့ပါဘူး
ပွင့်ချင်ဇောနဲ့ ပိုးကျသွားတဲ့
ကိုယ်ကျင့်တရားတွေအတွက်တော့
ဘုရားသာသနာမှာ
ပုတ်စော်နံမှာ စိုးတယ်
____အရှင်ဝိစိတ္တ
Subscribe to:
Post Comments (Atom)
ကုသိုလ် စွမ်းအား
ကုသိုလ် စွမ်းအား 💟😊😇☸️🥰😊😇 ဘာကိုအကြောင်းပြုပြီး ပြုတဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်မှန်သမျှ- *အနဝဇ္ဇ=အပြစ်ကင်းခြင်း၊ *သုခဝိပါက=ချမ်းသာကျို...
-
ဟောဒီ ဘဒ္ဒကမ္ဘာမှာ ... အချစ်တတ်ဆုံးအမျိုးသမီး ၊ ရိုမန်တစ်အဆန်ဆုံးအမျိုးသမီးက ဘုရားအလောင်းတော် သိဒ္ဓထ္ထမင်းသားရဲ့ ကြင်ယာတော် ယသေ...
-
ဆရာမ ___ နှစ်ဆယ်တစ်ပတ်လည်အသက်နဲ့ နာမည်ရှေ့က ဒေါ် တပ်တယ် ။ လော် ကပ်ထားသလို အသံကျယ်ပြီး လေးဆယ်ကျော်အပျိုကြီးစတိုင်နဲ့ ဓာတ်ပုံရိုက်ရတာ...
-
Google Drive (ဂူဂဲလ် ဒရိုက်ဖ်) အကြောင်း ကျွန်တော်တို့တွေရဲ့ ဖုန်းအများစုမှာ Google က ထုတ်ထားတဲ့ မိုဘိုင်းဖုန်း အပ်ပလီကေးရှင်းတွေ...

No comments:
Post a Comment