Wednesday, October 23, 2019

လောကုတ္တရာသံလိုက်တုံးများ

လောကုတ္တရာသံလိုက်တုံးများ 
👉👈👉👈👉👈⏱

အဘိဝံသ အသိုင်းဝိုင်းက ပြောတယ် 
" အဘိဝံသ ရအောင် လုပ် 
သာသနာမှာ ဒီဘွဲ့ရထားမှ 
ကောင်းကောင်းစာချနိုင်မှာ " 

တိပိဋက အသိုင်းဝိုင်းကလဲ ပြောတယ်
" ဘုရားပါဠိတော်ကို အကုန်မဟုတ်ရင်တောင်
နည်းနည်းလောက်တော့ 
ကျက်သင့်တယ် 
အနည်းဆုံး ဝိနယဓရ လောက်ပေါ့ " 

စာချဘုန်းကြီးအသိုင်ဝိုင်းနဲ့တွေ့တော့ 
" သာသနာမှာ နေပြီး ဂန္ထဓူရစာချလုပ်ငန်းတော့ 
လုပ်သင့်တာပေါ့ " လို့ ပြောတယ် 

ဓမ္မကထိကအသိုင်းဝိုင်းနဲ့တွေ့တော့ 
" စရထ ဘိက်ခဝေ စာရိကံ ဒသေထေ ဘိက်ခဝေ ဓမ်မံ တဲ့ 
တရားလေးဘာလေးတော့ ဟောတတ်ပြောတတ်ဖို့လိုတယ်
ဒါမှ သာသနာ ပြန်ပွားမယ် " လို့ပြောတယ် 

ရိပ်သာအသိုင်းဝိုင်းနဲ့တွေ့တော့ 
" စာတွေချည်း လှိမ့်သင်မနေနဲ့ တရားလေးဘာလေးလဲ 
အားထုတ်ဦး  ဒါမှ သင်ထားတာ အလကားမဖြစ်မှာ 
လူဖြစ်ရကျိုးနပ်မှာ " တဲ့ 

ဒေါက်တာ အသိုင်းဝိုင်းနဲ့တွေ့တော့ 
" နိုင်ငံခြားတွေ ထွက်သင့်တယ် ဗဟုသုတတွေ ရှာမှီးသင့်တယ် 
အမြင်ကျယ်သင့်ပြီ ကိုယ့်နိုင်ငံထဲမှာပဲ အောင်းမနေသင့်တော့ဘူး " 
တဲ့ 

အင်္ဂလိဂ်စာတတ်တဲ့ သူနဲ့တွေ့တော့ 
" ဘာသန္တရလေး ဘာလေး တတ်ထားသင့်တယ် ဒါမှ သူများထက် 
ခေါင်းတစ်လုံးသာတာ" တဲ့ 

စာရေးဆရာအသိုင်းဝိုင်းနဲ့တွေ့တော့ 
" စာလေး ဘာလေး ရေးတတ်အေင် လုပ်သင့်တယ် 
ဒါမှ ကိုယ်သေရင် ကိုယ့်စာပေတွေ ကျန်ခဲ့မှာ " 

တောရွာကျောင်းထိုင်ဘုန်းကြီးနဲ့တွေ့တော့ 
" တောရွာတွေမှာလဲ စာတတ်ပေတတ်ငယ်ဖြူတွေ 
လာထိုင်သင့်တယ် မြို့တွေမှာချည်း  မနေသင့်ဘူး 
ကိုယ့်တောကို မမေ့သင့်ဘူး " 

မြို့က ဘုန်းကြီးတွေနဲ့တွေ့တော့ 
" တောမှာ ထိုင်လို့ စာသင်သားမရှိဘာမရှိနဲ့ 
စာဘယ်လိုလုပ် ချမလဲ " တဲ့ 

"အမျိုးသားရေး ဘုန်းကြီးက 
ပြောတယ်

``ကျောင်းထဲမှာ စာကြည့် ကုတ်လုပ်မနေနဲ့အုံး

အရပ်ထဲဆင်းပြီး
ကိုယ်အမျိုးသားတွေ 
ဆင်းရဲနေတာ
ဘာသာရေး 
လူ့အခွင့်ရေးတွေ ဆုံးရှုံနေတာတွေ ကွင်းဆင်းကြည့်ကြအုံး။
ကြာရင် အရှင်ဘုရားတို့ ဒကာတွေ အင်အားနည်းပြီး
ကိုးကွယ် ဆည်းကပ်မဲ့သူ 
မရှိဘဲ နေအုံးမယ့်´´တဲ့

"တောရ ဆောက်တည်တဲ့
ဘုန်းဘုန်းက ပြောတယ်
တောလေး ဘာလေးလဲ ထွက်ကြည့်အုံးဟ 
တောရဘုန်းကြီးဆိုတာ 
သူက အိပ်နေတာတောင် 
မြို့မှာနေ တရား အားထုတ်နေတဲ့ ရဟန်းထက် မြတ်ကတဲ့ ။ကဲ …

ကိုင်း....ဘယ့်နှယ်ရှိစ အရပ်ကတို့ရေ
...
...
...
Credit...စာချဘုန်းကြီး ဦးပညိန္ဒ...Kothar Ra🙏🙏🙏

No comments:

Post a Comment

ကုသိုလ် စွမ်းအား

 ကုသိုလ် စွမ်းအား 💟😊😇☸️🥰😊😇 ဘာကိုအကြောင်းပြုပြီး ပြုတဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်မှန်သမျှ- *အနဝဇ္ဇ=အပြစ်ကင်းခြင်း၊ *သုခဝိပါက=ချမ်းသာကျို...