Friday, August 25, 2023

ကုသိုလ် စွမ်းအား

 ကုသိုလ် စွမ်းအား


💟😊😇☸️🥰😊😇

ဘာကိုအကြောင်းပြုပြီး

ပြုတဲ့ကုသိုလ်ပဲဖြစ်ဖြစ်

ကုသိုလ်မှန်သမျှ-

*အနဝဇ္ဇ=အပြစ်ကင်းခြင်း၊

*သုခဝိပါက=ချမ်းသာကျိုးပေးခြင်းဆိုတဲ့

ကောင်းကျိုးနှစ်မျိုး ရတာချည်းပါပဲ။


ကံတို့ရဲ့စွမ်းဆောင်ရည်(ကိစ္စ)အရ..

ဘယ်ကုသိုလ်ကံမဆို-

*ဇနက=ကောင်းကျိုးအသစ်ဖြစ်စေခြင်း၊

*ဥပထမ္ဘက=ပြုပြီးတဲ့ကံများ အကျိုးပေးခွင့်

ရအောင်ကူညီခြင်း၊

*ဥပပီဠက=ဆန့်ကျင်ဘက်ကန်တို့ရဲ့

အကျိုးပေးခွင့်ကိုဟန့်တားခြင်း၊

*ဥပဃာတက=ဆန့်ကျင်ဘက်အကုသိုလ်ကို

အမြစ်ပြတ်ဖယ်ရှားခြင်း..ဆိုတဲ့

စွမ်းရည်လေးမျိုးရှိကြတာချည်းဖြစ်လို့

ကံဆိုးတွေကိုဟန့်တားခြင်းနဲ့

အပြစ်ကင်းစေပြီး

ကံကောင်းတွေကိုထောက်ပံ့ထင်ရှားစေခြင်းနဲ့

ကောင်းကျိုးပေးတာပါ။


ဘာ့အကြောင်းကြောင့်ဖြစ်ဖြစ်

အခွင့်ကြုံခဲ့ရင်

ကုသိုလ်မှန်သမျှ

ပြုကြ!


၂၄.၉.၂၂


💟😊😇☸️😊😇🥰💟🥰😊😇☸️

ကုသိုလ် စွမ်းအား

 ကုသိုလ် စွမ်းအား 💟😊😇☸️🥰😊😇 ဘာကိုအကြောင်းပြုပြီး ပြုတဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်မှန်သမျှ- *အနဝဇ္ဇ=အပြစ်ကင်းခြင်း၊ *သုခဝိပါက=ချမ်းသာကျို...