Friday, October 25, 2019

GoogleDrive

Google Drive (ဂူဂဲလ် ဒရိုက်ဖ်) အကြောင်း

ကျွန်တော်တို့တွေရဲ့ ဖုန်းအများစုမှာ Google က ထုတ်ထားတဲ့ မိုဘိုင်းဖုန်း အပ်ပလီကေးရှင်းတွေ ပါဝင်ပါတယ်။ ဒါပေမယ့် အများစုသော ကျွန်တော်တို့တွေက အဆိုပါ အပ်ပလီကေးရှင်းတွေကို ဘယ်နေရာမှာ ဘယ်လိုအသုံးပြုလို့ရတယ်ဆိုတာ မသိကြပါဘူး။ အချို့ဆိုရင် ပါမှန်းတောင် မသိကြပါဘူး။

အခုဆောင်းပါးမှာတော့ Google Drive (ဂူဂဲလ် ဒရိုက်ဖ်) အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဂူဂဲလ် ဒရိုက်ဖ်ဆိုတာက ကျွန်တော်တို့အများစုသိထားတဲ့ Memory Card (မမ်မိုရီ ကဒ်) လိုပါပဲ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို သိမ်းဆည်းလို့ရတဲ့ နေရာပဲဖြစ်ပါတယ်။ မမ်မိုရီကဒ်နဲ့ မတူညီတာကတော့ ဂူဂဲလ်ဒရိုက်ဖ်ကို အသုံးပြုဖို့ရန်အတွက်ဆိုရင် အင်တာနက်ချိတ်ဆက်ထားဖို့ လိုအပ်တာပဲဖြစ်ပါတယ်။

ဆိုတော့ ဖုန်းထဲမှာပါတဲ့ ဂူဂဲလ်ဒရိုက်ဖ်ကို ချက်ချင်းအသုံးပြုလို့ရပါသလားဆိုပြီး မေးစရာရှိလာပါတယ်။ ဟုတ်ကဲ့ အင်တာနက်ချိတ်ဆက်ပြီးတာနဲ့ ဂူဂဲလ်ဒရိုက်ဖ်ကို အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် Google Account (ဂူဂဲလ်အကောင့်) ရှိဖို့တော့ မဖြစ်မနေ လိုအပ်ပါတယ်။ ဂူဂဲလ်ဒရိုက်ဖ်ဟာ ဂူဂဲလ်ကုမ္ပဏီကထုတ်ထားတဲ့ ကုန်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဂူဂဲလ်ကထုတ်ထားတဲ့ ကုန်ပစ္စည်းတွေ၊ ဂူဂဲလ်ကပေးနေတဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုဖို့ရန်အတွက်ဆိုရင် ဂူဂဲလ်အကောင့်တစ်ခုရှိဖို့တော့ လိုအပ်ပါတယ်။ ဒါက သဘာဝကျတယ်လို့ ပြောရပါမယ်။

ဂူဂဲလ်ဒရိုက်ဖ်ကို ဘယ်နေရာတွေမှာ အသုံးပြုသလဲဆိုတာ မပြောခင်မှာ မေးခွန်းတစ်ခုရှိပါမယ်။ ဖုန်းပျောက်သွားလို့ပဲဖြစ်ဖြစ်၊ မမ်မိုရီကဒ်ပျက်သွားလို့ပဲဖြစ်ဖြစ်၊ Memory Stick (မမ်မိုရီစတစ်ခ်) ပျောက်သွားလို့ပဲဖြစ်ဖြစ် အနှစ်နှစ်အလလက ရိုက်ထားတဲ့ ဓာတ်ပုံတွေပျက်သွားတာမျိုး ကြုံတွေ့ဖူးပါသလား။ ပြန်မရနိုင်တော့ဘူးဆိုတဲ့ အသိကြောင့် ပူဆွေးသောက ဝမ်းနည်းခဲ့ရဖူးပါသလား။ ဒါဆိုရင်တော့ ဂူဂဲလ်ဒရိုက်ဖ်ရှိဖို့ လိုအပ်နေပါပြီ။

ဂူဂဲလ်ဒရိုက်ဖ်ဆိုတာက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဒစ်ဂျစ်တယ်စာအုပ်တွေ အစရှိတဲ့ File (ဖိုင်လ်) အမျိုးမျိုးကို အခမဲ့သိမ်းဆည်းလို့ရတဲ့ အင်တာနက်ပေါ်က နေရာလေးတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မိမိသိမ်းဆည်းထားတဲ့ ဖိုင်လ်တွေကိုလည်း မိတ်ဆွေသူငယ်ချင်းတွေသာမက အင်တာနက်ပေါ်က လူတိုင်းစီကို ဝေမျှလို့ရအောင်ပါ လုပ်ဆောင်ပေးထားပါတယ်။ ဘော်ဒါတွေစုပြီး ချောင်းသာကို အပန်းဖြေသွားကြတယ်၊ ဓာတ်ပုံတွေရိုက်တယ်။ Facebook Messenger ကနေ ပုံတွေပြန်ရှယ်တော့ ဝါးဝါးကြီးတွေ၊ ပီပီပြင်ပြင်မရှိတဲ့ ပုံတွေ ကိုယ့်စီရောက်လာတယ်။ အဲ့သလို မဖြစ်ချင်ဘူးဆိုရင် Zapya တို့နဲ့ ရှယ်မယ်ဆိုလည်း မရဘူးလားဆိုတော့ ရတယ်။ ဒါပေမယ့် ပျောက်သွားရင်၊ ပျက်သွားရင် ပြန်ရဖို့က မသေချာတော့ဘူး။ ဂူဂဲလ်ဒရိုက်ဖ်ပေါ်မှာတင်ပြီး ရှယ်မယ်ဆိုရင် တစ်ချက်ခုတ် အချက်ပေါင်းများစွာ ပြတ်မှာ အမှန်ပဲ။

ဖုန်းထဲမှာရှိတဲ့ ပုံတွေ ပျက်သွားသည့်တိုင် ဂူဂဲလ်ဒရိုက်ဖ်ထဲမှာ ရှိနေသေးသည့်အတွက်ကြောင့် အင်တာနက်ချိတ်ဆက်ထားသည့် အချိန်အခါမရွေး ပြန်ကြည့်၊ ပြန်ဝေမျှလို့ ရနေမှာဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ စပြီးသုံးတော့မယ်ဆိုပါစို့။ ဘယ်လောက်အထိ အခမဲ့အသုံးပြုလို့ရမလဲ။ ဘယ်လောက်ပမာဏ အခမဲ့အသုံးပြုခွင့်ရှိမလဲ။ ဘယ်လောက်အထိ အခမဲ့ အသုံးပြုခွင့်ရမလဲဆိုတာတော့ အတိအကျ မပြောတက်ပါဘူး။ ဝန်ဆောင်မှု စတင်ပေးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်ကစပြီး အခုလက်ရှိအချိန်ထိမှာတော့ 15 GB တိတိ အခမဲ့ သိမ်းဆည်းသိုလှောင်ခွင့် ရနေပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်။

Wednesday, October 23, 2019

ယသော်ဓရာ

ဟောဒီ ဘဒ္ဒကမ္ဘာမှာ ...

အချစ်တတ်ဆုံးအမျိုးသမီး ၊ ရိုမန်တစ်အဆန်ဆုံးအမျိုးသမီးက 
ဘုရားအလောင်းတော် သိဒ္ဓထ္ထမင်းသားရဲ့ ကြင်ယာတော်

ယသော်ဓယာဒေဝီ ပါပဲ 

ဒီပင်္ကရာဘုရားရှင်လက်ထက်မတိုင်မီ ရှေ့ဘုရားရှင်တစ်ဆူလက်ထက်မှာကထဲက သူကပါရမီဖြည့်ဖက်အဖြစ် ဆုတောင်းခဲ့တယ် ။

ဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ဗျာဒိတ်ပေးတော့လည်း သုမေဓာရှင်ရသေ့လေးကို ချစ်ခင်မြတ်နိုးလွန်းလို့ ပါရမီဖြည့်ဖက်ဖြစ်ပါရစေလို့ ဆုတောင်းခဲ့ပြန်တယ် ။

တကယ့် Platonic Love 

နောက်ဆုံးဘဝ ကြင်ယာတော်သိဒ္ဓထ္ထမင်းသားတောထွက်တော်မူသွားတဲ့အခါကျတော့

အထောက်တော်တွေကို စေလွှတ်ပြီးစုံစမ်းခိုင်းတယ်

သိဒ္ဓထ္ထမင်းသားက ဆွမ်းတစ်နပ်ပဲစားတော့တယ်ဆိုရင် သူလည်း တစ်နပ်ပဲစားတယ်

သိဒ္ဓထ္ထမင်းသားက သစ်သီးကိုပဲ သုံးဆောင်တော့တယ်ဆိုရင် သူလည်းသစ်သီးကိုပဲ စားတော့တယ်။

သူ့ချစ်သူသိဒ္ဓထ္ထမင်းသားဘုရားဖြစ်ဖို့ကျင့်ကြံအားထုတ်ရင်းမြေမှာအိပ်တယ်လို့ သူသိရရင် ... 
သူလည်း သလွန်ပေါ်ကဆင်းပြီး မြေမှာပဲဆင်းအိပ်တယ် ။

တကယ့်ကိုပါရမီဖြည့်ဖက်ပီသစွာ  သူ နေထိုင်ခဲ့တယ် ။

ပထမဆုံးအကြိမ် ... 
ဘုရားရှင်က ကပ္ပိလဝတ်ကို ကြွတော်မူလာတော့ ..
ဘုရားရှင်ရဲ့ ခြေတော်စုံကို သူ့ရဲ့ဆံပင်တွေနဲ့ပွတ်ပြီး ဝမ်းနည်း ဝမ်းသာသည်းထန်စွာငိုကြွေးတော့တယ် ။

ခွဲခွာခဲ့ရတာ ၈ နှစ်လောက်ကြာခဲ့ပြီလေ

သားတော်ရာဟုလာကို ဒါ မင်းရဲ့အဖေပဲ အမွေသွားတောင်းချေလို့ ထည့်ပေးလိုက်တယ် ။

တကယ်က အဖေနဲ့သားကို အတူဆုံစေချင်တဲ့စေတနာလို့ထင်မိတယ် ။

ဒီလိုနဲ့ သူကိုယ်တိုင်လည်း မြတ်စွာဘုရားရဲ့ တရားတွေကိုနာကြားရပြီး  သူလည်းရဟန္တာဖြစ်တော်မူတယ် ။

ယသော်ဓယာဒေဝီထေရီမဟာ ပရိနိဗ္ဗာန်ပြုရမယ့်အချိန်ဆိုတာသိရပြီဆိုတာနဲ့ တရားအားထုတ်ဖော် ထေရီမတစ်ထောင်ကို ခေါ်ပြီး ဘုရားဆီကိုကြွလာခဲ့တယ် ။

" ဒီနေ့ တပည့်တော် ပရိနိဗ္ဗာန် ပြုပါတော့မယ်အရှင်ဘုရား " လို့ လျှောက်တယ် ။

ပြီးတော့ တစ်ဆယ့်ခြောက်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး ဘဝပေါင်း များစွာ များစွာ ချစ်သူအဖြစ် လင်ယောကျာ်းအဖြစ် ချစ်မြတ်နိုးခဲ့ရတဲ့ ပါရမီဖြည့်ခဲ့ရတဲ့သူကို နောက်ဆုံးကြည့်ခြင်းနဲ့ ခုနှစ်ကြိမ်ပတ်ပြီး မမှိတ်မသုန်ကြည့်နေခဲ့တယ် ။

ပြီးတော့ သံသရာမှာ ဘယ်တော့မှ ပြန်ဆုံမှာမဟုတ်တော့တဲ့သူနှစ်ယောက်ရဲ့ နောက်ဆုံးနှုတ်ဆက်စကား ( ဥဒါန်း) တစ်ခွန်းကိုဆိုလိုက်တယ် ...

" အရှင်ဘုရား ...
တပည့်တော်မ ဟာ ... အရှင်ဘုရားကို ဘဝအဆက်ဆက် ပါရမီဖြည့်ဖက်အဖြစ် အမြဲတမ်းအတူတူရှိနေခဲ့ပါတယ်ဘုရား

အရှင်ဘုရားမဖြစ်ခင်ဘဝ ကြီးကျယ်မြင့်မြတ်တဲ့ဘဝတွေကို အတူတကွခံစား စံစားခဲ့ကြသလို ...

ဆင်းရဲဒုက္ခတွေကို အတူခံစားခဲ့ကြပါတယ် ဘုရား 🙏🙏🙏

ချမ်းသာခြင်းကို အတူခံစားခဲ့ကြသလို ...
 ဆင်းရဲဒုက္ခကြုံရတဲ့အခါမှာလည်း မငြိုငြင်ခဲ့ပါဘူးအရှင်ဘုရား ... " လို့ လျှောက်တယ် ။

ပြီးတော့ ကောင်းကင်ကိုစျာန်နဲ့ပျံကြွရင်း...

ဆင်ရုပ် ၊မြင်းရုပ် ၊သိကြားမင်းရုပ်၊နဂါးရုပ်၊ ဂဠုန်ရုပ်စတဲ့ ... နာနာရုပ်တွေကို သူ့ရဲ့တန်ခိုးနဲ့ဖန်ဆင်းပြီးမြတ်စွာဘုရားကို အထပ်ထပ်ပူဇော်တယ် ။

အဲဒီနောက် ကောင်းကင်မှာပဲ ပရိနိဗ္ဗာန်ပြုပြီး တေဇောဓာတ်မီး လောင်တော်မူတယ် ။

ယသော်ဓယာဒေဝီဟာ ကြီးကျယ်ခမ်းနားတဲ့ ချစ်ခြင်းများနဲ့ သံသရာတစ်လျှောက်လုံး ချစ်ခဲ့တဲ့သူ ... 

ကိုယ်ချစ်တဲ့သူကို နောင်ဘဝအထိ 
သံသရာအဆက်ဆက်ထိ ကောင်းစေလိုတဲ့ စေတနာနဲ့ မငြီးမငြူပါရမီဖြည့်ခဲ့တဲ့ 
အချစ်တတ်ဆုံးသူပါ ...

ကလျာဏမိတ္တတစ်ယောက်ရဲ့ ဖြည့်ဆည်းမှုတွေနဲ့ ကိုယ့်ချစ်သူကို သံသရာတစ်လျောက်လုံး အရှုံးအမြတ်မတွက်ပဲ ချစ်ပြသွားခဲ့တဲ့ ယသော်ဓယာဒေဝီဟာ

လောကီ လောကုတ္တရာ အခြေအနေ ၂ မျိုးစလုံးမှာ
အချစ်တတ်ဆုံး မိန်းမတစ်ယောက်အဖြစ်
မှတ်တမ်းတင်စရာဖြစ်သွားစေတော့တယ်

🌻🌻🌻  🌼🌼🌼🌼🌼  🌻🌻🌻

.{ Ref : ဆရာကြီးငွေဥဒေါင်း၏ ဗုဒ္ဓစာပန်းချီနှင့် 
ဆရာတော်အရှင်နန္ဒမာလာဘိဝံသ၏တရားတော် }
Credit : pandora

လောကုတ္တရာသံလိုက်တုံးများ

လောကုတ္တရာသံလိုက်တုံးများ 
👉👈👉👈👉👈⏱

အဘိဝံသ အသိုင်းဝိုင်းက ပြောတယ် 
" အဘိဝံသ ရအောင် လုပ် 
သာသနာမှာ ဒီဘွဲ့ရထားမှ 
ကောင်းကောင်းစာချနိုင်မှာ " 

တိပိဋက အသိုင်းဝိုင်းကလဲ ပြောတယ်
" ဘုရားပါဠိတော်ကို အကုန်မဟုတ်ရင်တောင်
နည်းနည်းလောက်တော့ 
ကျက်သင့်တယ် 
အနည်းဆုံး ဝိနယဓရ လောက်ပေါ့ " 

စာချဘုန်းကြီးအသိုင်ဝိုင်းနဲ့တွေ့တော့ 
" သာသနာမှာ နေပြီး ဂန္ထဓူရစာချလုပ်ငန်းတော့ 
လုပ်သင့်တာပေါ့ " လို့ ပြောတယ် 

ဓမ္မကထိကအသိုင်းဝိုင်းနဲ့တွေ့တော့ 
" စရထ ဘိက်ခဝေ စာရိကံ ဒသေထေ ဘိက်ခဝေ ဓမ်မံ တဲ့ 
တရားလေးဘာလေးတော့ ဟောတတ်ပြောတတ်ဖို့လိုတယ်
ဒါမှ သာသနာ ပြန်ပွားမယ် " လို့ပြောတယ် 

ရိပ်သာအသိုင်းဝိုင်းနဲ့တွေ့တော့ 
" စာတွေချည်း လှိမ့်သင်မနေနဲ့ တရားလေးဘာလေးလဲ 
အားထုတ်ဦး  ဒါမှ သင်ထားတာ အလကားမဖြစ်မှာ 
လူဖြစ်ရကျိုးနပ်မှာ " တဲ့ 

ဒေါက်တာ အသိုင်းဝိုင်းနဲ့တွေ့တော့ 
" နိုင်ငံခြားတွေ ထွက်သင့်တယ် ဗဟုသုတတွေ ရှာမှီးသင့်တယ် 
အမြင်ကျယ်သင့်ပြီ ကိုယ့်နိုင်ငံထဲမှာပဲ အောင်းမနေသင့်တော့ဘူး " 
တဲ့ 

အင်္ဂလိဂ်စာတတ်တဲ့ သူနဲ့တွေ့တော့ 
" ဘာသန္တရလေး ဘာလေး တတ်ထားသင့်တယ် ဒါမှ သူများထက် 
ခေါင်းတစ်လုံးသာတာ" တဲ့ 

စာရေးဆရာအသိုင်းဝိုင်းနဲ့တွေ့တော့ 
" စာလေး ဘာလေး ရေးတတ်အေင် လုပ်သင့်တယ် 
ဒါမှ ကိုယ်သေရင် ကိုယ့်စာပေတွေ ကျန်ခဲ့မှာ " 

တောရွာကျောင်းထိုင်ဘုန်းကြီးနဲ့တွေ့တော့ 
" တောရွာတွေမှာလဲ စာတတ်ပေတတ်ငယ်ဖြူတွေ 
လာထိုင်သင့်တယ် မြို့တွေမှာချည်း  မနေသင့်ဘူး 
ကိုယ့်တောကို မမေ့သင့်ဘူး " 

မြို့က ဘုန်းကြီးတွေနဲ့တွေ့တော့ 
" တောမှာ ထိုင်လို့ စာသင်သားမရှိဘာမရှိနဲ့ 
စာဘယ်လိုလုပ် ချမလဲ " တဲ့ 

"အမျိုးသားရေး ဘုန်းကြီးက 
ပြောတယ်

``ကျောင်းထဲမှာ စာကြည့် ကုတ်လုပ်မနေနဲ့အုံး

အရပ်ထဲဆင်းပြီး
ကိုယ်အမျိုးသားတွေ 
ဆင်းရဲနေတာ
ဘာသာရေး 
လူ့အခွင့်ရေးတွေ ဆုံးရှုံနေတာတွေ ကွင်းဆင်းကြည့်ကြအုံး။
ကြာရင် အရှင်ဘုရားတို့ ဒကာတွေ အင်အားနည်းပြီး
ကိုးကွယ် ဆည်းကပ်မဲ့သူ 
မရှိဘဲ နေအုံးမယ့်´´တဲ့

"တောရ ဆောက်တည်တဲ့
ဘုန်းဘုန်းက ပြောတယ်
တောလေး ဘာလေးလဲ ထွက်ကြည့်အုံးဟ 
တောရဘုန်းကြီးဆိုတာ 
သူက အိပ်နေတာတောင် 
မြို့မှာနေ တရား အားထုတ်နေတဲ့ ရဟန်းထက် မြတ်ကတဲ့ ။ကဲ …

ကိုင်း....ဘယ့်နှယ်ရှိစ အရပ်ကတို့ရေ
...
...
...
Credit...စာချဘုန်းကြီး ဦးပညိန္ဒ...Kothar Ra🙏🙏🙏

Tuesday, October 22, 2019

software များ

Adobe Acrobat X Suite
http://www.mediafire.com/file/muuxpevc931auzs/Adobe_Acrobat_X_Suite_Uploaded_by_Ashin_Nandisara_Natmauk.rar/file
Adobe PageMaker 7.0
http://www.mediafire.com/file/1vl0n21j1319y09/Adobe_PageMaker_7.0.rar/file
InDesign CS6 (32/64)
http://www.mediafire.com/file/abtezb1zk7qml17/InDesign_CS6_32_and_64_Uploaded_by_Ashin_Nandisara.rar/file
Adobe Reader
http://www.mediafire.com/file/0952o1wh7cuudbi/Adobe_Reader_Uploaded_by_Ashin_Nandisara.rar/file
Ultra ISO
http://www.mediafire.com/file/kd0oyu5os5r7udn/UltraISO_Premium_9.7.1.3519.rar/file
Microsoft Office 2003
https://drive.google.com/file/d/1X6-KPEV9boDZBQu7xtfEKrVFRRqQj74N/view?usp=sharing (2003)
Microsoft Office 2007
https://drive.google.com/file/d/12pzErVKLHehQHMXJXjOy0ESVM6sUmfzk/view?usp=sharing (2007)
Microsoft Office 2010
https://drive.google.com/file/d/1JYaIc2GIRsEzvAjdhjZ97fz9i7R17jgh/view?usp=sharing (2010)
Microsoft Office 2013
https://drive.google.com/file/d/11_zmGbuy7bp6K8Jg_lPoFGc3E2rvHL-f/view?usp=sharing (2013)
Microsoft Office 2016
https://drive.google.com/file/d/1ADpUWmOliV-PK_RLEmqRsAv9xMszD2Uq/view?usp=sharing (2016)
Microsoft Office 2019
https://drive.google.com/file/d/1wmA9v4vl-jGd4GDokowIeGLDGJG7sXHv/view?usp=sharing (2019)
Adobe Photoshop 7.0
https://drive.google.com/file/d/1l7V0gfiBrMGSgRHqcImHa39yQFHOa5pV/view?usp=sharing (7.0)
Adobe Photoshop CS2
https://drive.google.com/file/d/1JFE8i1mquL0QzDeBYQBqAALqliRQfqge/view?usp=sharing (CS2)
Adobe Photoshop CS3
https://drive.google.com/file/d/1m5WhB5V0cHetzvPReeJWCwkyhl5FxENK/view?usp=sharing (CS3)
Adobe Photoshop CS4
https://drive.google.com/file/d/1wo7ticn1JKP-5CzpMvGsgRoRuekBH5jx/view?usp=sharing (CS4)
Adobe Photoshop CS5
https://drive.google.com/file/d/1Ohy_8fb4J4QpSeFCPtKpgPX4AOZ-fTem/view?usp=sharing (CS5)
Adobe Photoshop CS6
https://drive.google.com/file/d/1oNEstylrf1FjLw2dwfOVUsn5g8bjKYxp/view?usp=sharing (CS6)
Adobe Master Collection
https://drive.google.com/file/d/1oYpEqu_Hz_V6weOOXVjXkCISz_d8TL7z/view?usp=sharing
Nero 8
http://www.mediafire.com/file/k6snlu4j60n91a6/Nero_8_Uploaded_by_Ashin_Nandisara.rar/file
AOMEI 4.6.1
http://www.mediafire.com/file/b46t60ta8flmjs6/AOMEI_4.6.1_TechPlus_Uploaded_by_Ashin_Nandisara.rar/file
AOMEI 4.6.2
http://www.mediafire.com/file/77z566lb8wc643j/AOMEI_4.6.2_TechPlus_Uploaded_by_Ashin_Nandisara.rar/file
AOMEI 4.6.3
http://www.mediafire.com/file/hjtbnt4djtsf3h1/AOMEI_4.6.3_TechPlus_Uploaded_by_Ashin_Nandisara.rar/file
AOMEI 5.0.0
http://www.mediafire.com/file/dqd0z3wdu5bpa99/AOMEI_5.0.0_TechPlus.rar/file
AOMEI 5.1.0
http://www.mediafire.com/file/cbbjwiunw9bbp8r/AOMEI_5.1.0_TechPlus.rar/file
AOMEI 5.2.0
http://www.mediafire.com/file/lbuoafrorbwb1vi/AOMEI_5.2.0_TechPlus.rar/file
Printer Driver များ
http://www.mediafire.com/file/4210jj20cay39v3/BROTHER_T300_Uploaded_by_Ashin_Nandisara_Natmauk.rar/file
http://www.mediafire.com/file/btflaqd6mmjw4m5/Canon_LBP_6030.rar/file
http://www.mediafire.com/file/5aadd5m53yh5zv5/Canon_LBP3050_3018.rar/file
http://www.mediafire.com/file/o7c03ez28ccu6gq/CANONLBP2900.rar/file
http://www.mediafire.com/file/u3vkc9xuvyyvo2k/CANONLBP6000.rar/file
http://www.mediafire.com/file/41jnnvepa39pc2j/EPSON_L360.rar/file

http://www.mediafire.com/file/ko7p54fk08lq09o/CNC_Generals_Zero_Hour_Mods_2007_Uploaded_by_Ashin_Nandisara.rar/file
ဗီဒီယိုတည်းဖြတ် ဆော့ဖ်ဝဲလ်များ
http://www.mediafire.com/file/4q7unf8wjs1v6nu/Corel.Ulead.VideoStudio.11.Plus_Uploaded_by_Ashin_Nandisara.rar/file
http://www.mediafire.com/file/1n51uc6ps16bx1g/CyberLink_PowerDirector_9_Uploaded_by_Ashin_Nandisara.rar/file
http://www.mediafire.com/file/df9t2saj05joiay/HandBrake_Uploaded_by_Ashin_Nandisara_Natmauk.rar/file
Deep Freeze Software များ
http://www.mediafire.com/file/z6o4ay94t8g6551/Deep_Freeze_Standard_8.55.020.5505.rar/file
http://www.mediafire.com/file/c0bz169rqlgnvn0/Deep_Freeze_Standard_8.56.020.5542.rar/file
http://www.mediafire.com/file/jojsltd61i7fg69/Deep_Freeze_Standard_8.57.020.5544.rar/file
Myanmar Font များ
http://www.mediafire.com/file/1yp50me0y8wsfk0/Myanmar_Fonts.rar/file
http://www.mediafire.com/file/1h4xzr6cxg4m7wh/Alpha_Zawgyi_Myanmar_Unicode_2008.rar/file
http://www.mediafire.com/file/u25euw5za7jql20/Zawgyi-One_64.rar/file
http://www.mediafire.com/file/xeg8p7lou3s8ovp/Myanmar3_%2526_Padauk_Uploaded_by_Ashin_Nandisara_Natmauk.rar/file
http://www.mediafire.com/file/9zkay7usvcrui72/Myanmar3_Fonts_%2526_Keyman_6.2_Uploaded_by_Ashin_Nandisara.rar/file
http://www.mediafire.com/file/opqbiub6deiix1x/Pydaungsu_for_Windows_7.rar/file
http://www.mediafire.com/file/mbi3zl1tce6narc/Kanaung_Converter.rar/file
http://www.mediafire.com/file/hhm2jiyf0nmofym/KeyMagic_and_Keyboard_Layout.rar/file
Typing Software များ
http://www.mediafire.com/file/k65ilf4z0x6m90s/MB_20_Uploaded_by_Ashin_Nandisara.rar/file
http://www.mediafire.com/file/j52aycpm85aj21o/MB_25_Uploaded_by_Ashin_Nandisara.rar/file
http://www.mediafire.com/file/ex1zccot2b61iv4/Rapid_Typing_Uploaded_by_Ashin_Nandisara.rar/file
http://www.mediafire.com/file/75ozd1716x8xb5k/Whizzo_Typing_Tutor_Uploaded_by_Ashin_Nandisara.rar/file
Oxford အဘိဓာန်
http://www.mediafire.com/file/rclrx2vhpl6d3gm/Oxford_Advanced_Learner%2527s_Dictionary_8th_Edition_Uploaded_by_Ashin_Nandisara.rar/file

http://www.mediafire.com/file/v7mwb0m0hdn10z2/Windows_7_Activator_Uploaded_by_Ashin_Nandisara_Natmauk.rar/file
ပိဋကတ်သုံးပုံ ဆော့ဖ်ဝဲလ်များ
http://www.mediafire.com/file/3j5vppjta4ml7yr/PaliNissaya_Uploaded_by_Ashin_Nandisara.rar/file
http://www.mediafire.com/file/0cbozcznhd3p46k/TBKD_Uploaded_by_Ashin_Nandisara.rar/file
http://www.mediafire.com/file/a73bmno8u33pqfc/Vinaya_Pitaka_Uploaded_by_Ashin_Nandisara.rar/file
http://www.mediafire.com/file/tv10uhcihaf5qej/CsCD_Uploaded_by_Ashin_Nandisara.rar/file

``နိုးထခြင်း´´

``နိုးထခြင်း´´
…………………………………
သတိတရား လက်လွှတ်မိလို့
မစ္ဆရိယတန်ခိုး တစ်ခါတစ်ခါ 
နိုးကြွတဲ့အခါမှာ ဓမ္မရဲ့အကျိုးက
ရင်ကိုမတိုးနိုင်ဘူး အမေ…

ပညာတွေစုံရင်
ပြန်လာခဲ့မယ် ဆိုပေမယ့်
လျှောက်ချင်တဲ့လမ်းနဲ့ လျှောက်နေမိတဲ့လမ်း
သမုဒ္ဒရာရဲ့ဟိုမှာဘက်နှင့်သည်မှာဘက်
ခြားနာနေတဲ့အခါ ရည်မှန်းထားတဲ့
အောင်ပန်းဆိုတာလည်း အရယူဖို့
ခက်သားလား အမေ…

လုပ်သင့်တာကို မလုပ်မိလို့
ဖြစ်သင့်တာတွေ ဖြစ်ချင်တာတွေ
ဖြစ်မလာတဲ့အခါမှာ မြင်မြင်သမျှ
ပတ်ဝန်းကျင်ဟာ ကျွန်တော့်အတွက်
အလင်းမဲ့လို့နေခဲ့တယ်…

ပေးဆပ်ခြင်းတွေ ဆိတ်သုဉ်းနေတဲ့
ရယူခြင်းတွေမှာ အလိုရှိတဲ့အရာတိုင်းကို
အလိုရှိတဲ့အခါတိုင်း လက်ဖြန့်တောင်းဖို့ကျတော့
ကျွန်တော့်လိပ်ပြာတွေ အဲဒီလောက်
မသန့်ရှင်းခဲ့ဘူး အမေ…

အသစ်ပြန်မဖြစ်တော့တဲ့
ရှုံးနိမ်ခြင်း အဟောင်းတွေကို
အရောင်တင်ပြီး မီးပူတိုက်ပေးနေမိတော့
ဒဏ်ရာဟာလည်း ကျက်သင့်လျက်နဲ့မကျက်
ရင်းသည်ထက်ရင်း ဝေဒနာဟာ
ပိုပိုပြင်းလာတယ်လေ…

မနက်ဖြန်မှ…မနက်ဖြန်မှ…ဆိုပြီး
ရက်ချိန်းတွေ ပေးခဲ့ပေမယ့်
မနက်ဖြန်ကိုသာ ရောက်လာတယ်
ရှုံးနိမ့်ခြင်းနောင်တတွေထဲက
တိုးထွက်ဖို့တော့ အဆင်သင့်
မဖြစ်ပြန်ဘူး အမေ…

ဒီတစ်ခါတော့ ကျွန်တော့်ရဲ့
မနက်ဖြန်တွေကို ပြန်ပြီးအသက်သွင်းမှ
ဖြစ်တော့မယ် အမေ
ကိုယ့်ဘဝကို နောင်တသံသရာထဲမှာပဲ လုံးပါး,ပါးသွားမှာကိုတော့ စိုးမိတယ်လေ…

                                 မြသားချို
                               ၅.၁၂.၂၀၁၅
                              စနေ.နံနက်ခင်း

Sunday, October 20, 2019

"မြို့ကြီးပြကြီးနဲ့သာသနာ့ရေစီးကြောင်း

ဘုန်းကြီးတပါးရေးတဲ့ကဗျာ

"မြို့ကြီးပြကြီးနဲ့သာသနာ့ရေစီးကြောင်း"

မြို့နယ်သံဃနာယက
ဆိုင်းဘုတ်နဲ့ကျောင်းဆောင်ကို 
ခေါင်းထောင်ကြည့်လိုက်တော့
ဝရံတာမှာ 
ကလေးနို့လှန်တိုက်နေရှာတဲ့
သားသည်မိခင်ကိုတွေ့ရ..…

မဆန်းပါဘူးလေ...
ကျောင်းတိုင်းလိုလိုမှာ
သင်္ကန်းနဲ့ပုဆိုးထဘီ
တစ်တန်းထဲလှန်းနေတာ
ရိုးရာလိုဖြစ်နေပြီဆိုမှတော့...

ကျောင်းတို့ရဲ့ရိုးရာ
မျိုးဘာသာဖျက်ပွဲတစ်ခုလို့ပဲ
မှတ်ယူရုံပေါ့။

စိတ်ပြေလက်ပျောက်
ဘုရားတွေလျှောက်ဖူးတော့
ခြောက်ထပ်ကြီးစောင်းတန်းမှာ
ဘော်လီတွေ
ဆိုဒ်စုံရတယ်ဆိုတာလည်းတွေ့ရ…

ဪ…
သားအဖတွေစည်းလုံးနေပုံများ
ပြည့်လျှံအဖုံးပွင့်ထွက်နေတဲ့
စည်ပင်အမှိုက်ပုံးကြီးလို...။

ဒီလိုနဲ့သာသနာဟာ...
ယင်တွေတဝီဝီနဲ့စည်စည်ကားကား.....
နွားကျောင်းသားလက်ထဲက
ပုလွေသံလောက်မှမချိုသာတော့…။

" ဒါနတော ဘောဂဝါ "တွေ
လှိုင်လှိုင်ပြောပီး 
ဘဏ်တိုးတွေနဲ့
အမျိုးတွေနဲ့နှပ်နေကြတာလည်း
ဓမ္မကထိကလက်သစ်တစ်ချို့ရဲ့
ခရိုနီဈေးကွက်နည်းစနစ်တစ်ခု…။

သူ့ကျောင်းမှာ…
သင်္ကန်းအပြဲနဲ့ကိုရင်လေးက 
ခြုံစရာစောင်မရှိ…။

သာသနာမျိုးဆက်သစ်လေးဟာ
သူ့အမျိုးမဖြစ်တာ တစ်ခုထဲနဲ့တင်
လေမတိုက်ပဲ လဲပေးလိုက်ရတဲ့
သစ်ပင်လေးပေါ့…။

နောက်မှ…လူကြားကောင်းအောင်
သာသနာကုန်ကြမ်းတွေရှားကြောင်း...
အနာဂတ်အတွက်…ရတက်မအေးဟန်
ဝမ်းခေါင်းလေသံကြီးနဲ့
ဟန်ပါပါ…ညည်းကြတာပေါ့လေ…။

တရားခံဟာ…တရားလိုပဲဆိုတာ
အဖြေမပေါ်ခင် တစ်နေ့အထိ
အဆင်ပြေနေပါလိမ့်ဦးမယ်…။

လပြည့်ည ရွှေတိဂုံမှာတော့...
ရွှေတွေပုံနေတော့ ဝင်းနေတာပဲ။
ဘုရားရှေ့မှာ
တရားနဲ့မွေ့နေတဲ့သူထက်
ဖုန်းတကားကားနဲ့ 
ဆယ်ဖီသမားတွေရယ်
အီစီကလီညုနေတဲ့
သမီးရည်းစားတစ်စုရယ်...
သင်္ကန်းဝတ်သူတောင်းစားတွေရယ်...
လပြည့်ညမှာ...
ပြည့်ပြည့်ဝဝ ဖူးလိုက်ရတယ်…။

ထမင်းဆိုင်တွေကလည်း 
အပြိုင်အဆိုင် ...
"အရှင်ဘုရားတို့
ဝက်သားနဲ့လား?
ကြက်သားနဲ့လား?
ကြိုက်သလိုစား
တစ်ပွဲ ထောင့်ငါးရာ"တဲ့…။

ညကြီးအချိန်မတော်
သူဘယ်လိုများ
အော်ထွက်ပါလိမ့်...
ကြားစက…စိတ်ထဲထင့်သွားတယ်။

နောက်မှ ...
ပါရာဇိကဏ် ဝိနီတဝတ္ထုထဲက
မက္ကဋီမျောက်မကို
အာရုံပြုကြည့်မိရင်း
သဘောပေါက်တယ်။
ဪ... အားလုံးကို
သူ့ဖောက်သည်တွေဆိုတဲ့
အကြည့်မျိုးလေ။

မန္တလေး
ဂေါဝိန်ဆိပ်ကမ်းလမ်းမှာလည်း
ညဘက် အပြန်...
မအောင့်နိုင်လို့
ကျင်ငယ်ဆင်းစွန့်တော့
အနားမှာ ဒကာတစ်ယာက်
တိုးတိုးလေးကပ်လျှောက်တယ်။
"လုပ်ဦးမလား?
တစ်သောင်းပဲထား”တဲ့။

ဪ....အားလုံးကို
မက္ကဋီ မျောက်မတွေက 
ဖောက်သည်လို ကြည့်ကုန်ပြီ ...။

ပိုက်ဆံအိတ် ဖောင်းဖောင်းနဲ့
ကားအကောင်းစားကြီးများ
ကျောင်းထဲဝင်လာရင် 
ခြေသလုံး ပြေးမဖက်ရုံတမယ် 
သာသနာကို ကာကွယ်နေတဲ့ 
သာသနာစောင့်
ကျောင်းထိုင်ဘုန်းတော်ကြီးများလည်း ရှိရဲ့။ 

ကျောင်းရှေ့ မျက်နှာသာမှာလည်း...
ဆိုင်ခန်းတွေအသီးသီးနဲ့
ဘုန်းကြီးတို့…
အမျိုးစောင့်ရှောက်ထားပုံများ...
ကုသိုလ်လည်းရ…ဝမ်းလည်းဝဆိုပဲ။

အထပ်မြင့်ကျောင်းကြီးတွေဆောက်ဖို့..
နှိုးဆော်စာ ဆိုင်းဘုတ်က 
"သဗဗှဒါနံ ဝိဟာရဒါနံ ဇိနာတိ"တဲ့။

စာသင်သားတစ်ပါး လက်ခံဖို့ကျ 
ဒီအထပ်မြင့်ကျောင်းကြီးတွေမှာ
ကျောတစ်နေရာစာ နေရာ
အတော်ရှားတယ်။

ကျောင်းကြီးလည်းပြီးရော..
မောင်းတီးပြီး အမျိုးတွေခေါ်ထားကြ..
ဒီလိုနဲ့...ကျောင်းတွေဟာ
ပရိယတ်အသံတိတ်လို့
ထဘီတန်းတွေ…
ကျောင်းခေါင်ချိတ်ကုန်ပြီ။

"စိရံ တိဋ္ဌတု"အသံကောင်းဟစ်ဟစ် 
တစ်မြို့လုံးကြားအောင်
လော်တပ်ပြီး ပဋ္ဌာန်းရွတ်ရွတ်

ဒီအညစ်တွေ ...
ခေါင်းကစပြီး လောင်းမရှင်းသရွေ့
ဒီသာသနာဟာ ဘယ်တော့မှ
လင်းလာမှာမဟုတ်။

ကိုယ့်အမှောင်နဲ့ကို
မျက်နှာပြောင်တိုက်ပြီး
အမိုက်ပြိုင်နေပုံများ ...

ဆွမ်းစားဝိုင်းမှာ
ကားကြောင်းတွေလှိုင်လှိုင်
ကျောင်းချင်းတပြိုင်ပြိုင်နဲ့
ဓမ္မအသံတွေ ဆိတ်သုဉ်းလို့...
"ဒီနေ့ကပ်တဲ့ ဝက်သားဆွမ်းက
မနေ့က သုံးထပ်သားလောက်
မလန်းဘူး"ဟု လေးထပ်ကျောင်းထိုင်
ဆရာတော်တစ်ပါးကလည်းမိန့်…။

သဲစိုပေါ် ဗိုက်မှောက်ပြီး
ပိဋကတ်တော်များ
မပျောက်ပျက်အောင်
စောင့်ရှောက်လာခဲ့တဲ့ 
ရှေးဆရာ မထေရ်ကြီးများ...
ဘဝဂ်ဘုံမှာရှိသေးရင်
ဒီအသံတွေကြား
ဘယ်လောက်များ နားခါးရှာမလဲ။

ဝေသာလီမှာ
အငတ်ကပ်ဆိုက်တော့...
"မြေလှန်ပြီး မြေဆီထုတ်ကပ်မယ်"ဆိုတဲ့
တန်ခိုးပြင်းထန် အရှင်မောဂ္ဂလာန်ကို 
မြတ်ဗုဒ္ဓက တားတယ်။
နောက်ဘုန်းတော်များကျ 
အသားႁပြမ္းတဲ့
သလေးဆွမ်းကိုတောင် 
နှာခေါင်းရှုံ့ကြဦးမယ်တဲ့ ။

နှစ်၂၅၀၀ကျော်ကို
လှမ်းကြည့်ပြီး
ပစ်ပေါက်လိုက်တဲ့
စကားတစ်ခွန်းက
နျုကလီးယားထိပ်ဖူးတပ်
ဒုံးကျည်ထက်
အဆတရာမက ပြင်းတယ်။

ထိချက်က တစ်ဆံခြည်မလွဲ
ဒီကနေ့
အားလုံးနဖူးတည့်တည့်မှာ
သွေးစွန်းအောင် မှန်နေပြီပဲလေ။       ။

အရှင်ကုမာရ ( ပခုက္ကူ  )

        *************

မကြာခင်....

မကြာခင် 
တစ်ဆောင်းသစ်ဦးတော့မယ်

အေးစိမ့်တဲ့ညတွေရောက်တိုင်း
အချမ်းလုံအောင် 
လက်ပိုက်ထားမယ် 

အိတ်ပါတဲ့ 
အနွေးထည်လေး ရွေးဝယ်မယ် 

တစ်ယောက်ထဲချမ်းလာတဲ့အခါ
အာငွေ့လေးနဲ့ ကိုယ့်လက်ဖဝါးကို
အပူလေး ပေးမယ် 

မိုးဦးအတိတ်တွေကတော့
ငြိမ်ငြိမ်သက်သက်ရှိပါစေပေါ့ 

ကိုယ့်အပေါ်မှ
ရွေးပြီးရွာခဲ့တာမဟုတ်တဲ့အတွက်လည်း
လောကဓံတိမ်ညိုတွေကို
ခွင့်လွှတ်စိတ်နဲ့ နားလည်ရပြန်တယ်

အလွမ်းဇာတာပါလာရင်
သံယောဇဉ်မိုးနဲ့ 
တည့်တည့်တိုးတတ်တာပဲ

ဗြုန်းခနဲသည်းပြီး
အရွာတိတ်သွားတဲ့ အပြုံးတွေကို
အေးစက်စက် ညတွေမှာလည်း
စိတ်လိုလက်ရ
လိုက်မရှာဖြစ်လောက်တော့ဘူး

သေချာသွားခဲ့တယ်
ဒီနှစ်အလွမ်းဟာ
အဝင် စောဦးမယ် ထင်ပါရဲ့

______အေးရိပ်

ကုသိုလ် စွမ်းအား

 ကုသိုလ် စွမ်းအား 💟😊😇☸️🥰😊😇 ဘာကိုအကြောင်းပြုပြီး ပြုတဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်မှန်သမျှ- *အနဝဇ္ဇ=အပြစ်ကင်းခြင်း၊ *သုခဝိပါက=ချမ်းသာကျို...