အပင်ပေါ်မှာ ရှိနေ ရှိနေ ...
မြေပြင်ထက်ကို ကြွေဆင်း ကြွေဆင်း ...သစ်ရွက်တစ်ရွက်ရဲ့ တန်ဖိုးဟာ
သူ့နေရာနဲ့သူ အသုံးဝင်ပါတယ် ...
ဒီလိုပဲ
လူတစ်ယောက် အဆင်ပြေအောင်မြင်နေတဲ့ အချိန်ဖြစ်ဖြစ် ...
အားနည်း ရှုံးနိမ့်နေတဲ့ အခါဖြစ်ဖြစ် ...
သူ့နေရာနဲ့သူ လူ့လောကကြီးရဲ့ တစ်နေရာရာကို အကျိုးပြုနေတာပါပဲ ...
ကိုယ်အဆင်ပြေနေချိန်
တစ်ဖက်သားနိမ့်ကျနေတဲ့အခါ
အထင်အမြင်သေးပြီး မဆက်ဆံပါနဲ့ ...
လောကဓံဆိုတာ
လူ့လောကမှာ နေထိုင်အသက်ရှင်နေကြသူအားလုံးအတွက် ဖြစ်ပျက်နေတာမို့ ...
ဘယ်လိုအခြေအနေကိုပဲ ရောက်ရောက် ...
ကိုယ်ချင်းစာစိတ်လေးနဲ့ပဲ ရှင်သန်တတ်ရင် အကောင်းဆုံးပေါ့ ...
#hopeful
#morrow
No comments:
Post a Comment