Thursday, August 27, 2020

ခလုတ်လည်း ဖြစ်ခဲ့တယ်

 ခလုတ်လည်း ဖြစ်ခဲ့တယ်

ခလုတ်လည်း တိုက်ခဲ့တယ်..
လူဟာ ဗီလိန်တစ်ခန်း ဇာတ်လိုက်တစ်ခန်း
ဘယ်တော့မှ အပြည့်မသာတဲ့ လမင်းတစ်ခြမ်းပေါ့..
အနီးဆုံး သစ်သီးဖြစ်တော့လည်း
လက်ဆော့ခြေဆော့ အခူးခံရတယ် ..
စာအုပ်အလယ်ခေါင်ဖြစ်တော့လည်း
ဗြုတ်ခနဲမြည်အောင် အဖြုတ်ခံရတယ် ..
အလွမ်းဟာ
မစည်ကားအပ်တဲ့အရပ်ဆိုပေမယ့်
ဘယ်လမ်းက ပြန်ပြန်
ပျော်ရွှင်ခြင်းဆီ ထပ်မရောက်တော့တဲ့အခါ ..
ငှက်ကလေးရေ
ငါ့အိမ်လေးကို ငါ လွမ်းတယ် ..
-အေးရိပ်-

No comments:

Post a Comment

ကုသိုလ် စွမ်းအား

 ကုသိုလ် စွမ်းအား 💟😊😇☸️🥰😊😇 ဘာကိုအကြောင်းပြုပြီး ပြုတဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်မှန်သမျှ- *အနဝဇ္ဇ=အပြစ်ကင်းခြင်း၊ *သုခဝိပါက=ချမ်းသာကျို...