Monday, October 12, 2020

 အပင်ပေါ်မှာ ရှိနေ ရှိနေ ...

မြေပြင်ထက်ကို ကြွေဆင်း ကြွေဆင်း ...
သစ်ရွက်တစ်ရွက်ရဲ့ တန်ဖိုးဟာ
သူ့နေရာနဲ့သူ အသုံးဝင်ပါတယ် ...

ဒီလိုပဲ
လူတစ်ယောက် အဆင်ပြေအောင်မြင်နေတဲ့ အချိန်ဖြစ်ဖြစ် ...
အားနည်း ရှုံးနိမ့်နေတဲ့ အခါဖြစ်ဖြစ် ...
သူ့နေရာနဲ့သူ လူ့လောကကြီးရဲ့ တစ်နေရာရာကို အကျိုးပြုနေတာပါပဲ ...

ကိုယ်အဆင်ပြေနေချိန်
တစ်ဖက်သားနိမ့်ကျနေတဲ့အခါ
အထင်အမြင်သေးပြီး မဆက်ဆံပါနဲ့ ...

လောကဓံဆိုတာ
လူ့လောကမှာ နေထိုင်အသက်ရှင်နေကြသူအားလုံးအတွက် ဖြစ်ပျက်နေတာမို့ ...
ဘယ်လိုအခြေအနေကိုပဲ ရောက်ရောက် ...
ကိုယ်ချင်းစာစိတ်လေးနဲ့ပဲ ရှင်သန်တတ်ရင် အကောင်းဆုံးပေါ့ ...

#hopeful
#morrow

Thursday, August 27, 2020

ခလုတ်လည်း ဖြစ်ခဲ့တယ်

 ခလုတ်လည်း ဖြစ်ခဲ့တယ်

ခလုတ်လည်း တိုက်ခဲ့တယ်..
လူဟာ ဗီလိန်တစ်ခန်း ဇာတ်လိုက်တစ်ခန်း
ဘယ်တော့မှ အပြည့်မသာတဲ့ လမင်းတစ်ခြမ်းပေါ့..
အနီးဆုံး သစ်သီးဖြစ်တော့လည်း
လက်ဆော့ခြေဆော့ အခူးခံရတယ် ..
စာအုပ်အလယ်ခေါင်ဖြစ်တော့လည်း
ဗြုတ်ခနဲမြည်အောင် အဖြုတ်ခံရတယ် ..
အလွမ်းဟာ
မစည်ကားအပ်တဲ့အရပ်ဆိုပေမယ့်
ဘယ်လမ်းက ပြန်ပြန်
ပျော်ရွှင်ခြင်းဆီ ထပ်မရောက်တော့တဲ့အခါ ..
ငှက်ကလေးရေ
ငါ့အိမ်လေးကို ငါ လွမ်းတယ် ..
-အေးရိပ်-

Saturday, March 14, 2020

လွမ်းနေရင်တောင်

လွမ်းနေရင်တောင်
လွမ်းတယ်မပြောတော့ဘူး

ခင်ဗျားဖြစ်တည်မှုမှာ
ကျွန်တော့်တစ်စုံတစ်ရာကိုမှ မလိုအပ်ခဲ့တာပဲ

ကွန်းခိုမိတဲ့ တံစက်မြိတ်လေးကို
ခဏအေးစေခဲ့လို့ပဲ 
ကျေးဇူးတင်ပါရစေ

တစ်ယောက်တည်းလာပြီး
တစ်ယောက်တည်းပြန်ပါဦးမယ် 

ဘယ်အရာကိုမှ သိမ်းမထားချင်ခဲ့ပေမယ့်
ဖုန်းနံပါတ်လေးကိုတော့ ဖျက်မပစ်ရက်ခဲ့ဘူး

စိတ်ချပါ

မတော်တဆဖြစ်စေ
အကြောင်းတိုက်ဆိုင်လို့ ပြန်ဆုံကြတဲ့အခါ
ကျွန်တော့်ကမ္ဘာလေး 
ခင်ဗျားထားသွားတုန်းကထက်
ပိုပြီး ချစ်ခင် နှစ်လိုဖွယ် အရပ်ဒေသလေးအဖြစ် 
တည်ရှိနေစေရပါမယ်လို့
ကတိပေးပါတယ်

ဒါ မေတ္တာတရားအပေါ်
ကျွန်တော့် ဖွင့်ဆိုမှုပါ

-အေးရိပ်-

ကုသိုလ် စွမ်းအား

 ကုသိုလ် စွမ်းအား 💟😊😇☸️🥰😊😇 ဘာကိုအကြောင်းပြုပြီး ပြုတဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်မှန်သမျှ- *အနဝဇ္ဇ=အပြစ်ကင်းခြင်း၊ *သုခဝိပါက=ချမ်းသာကျို...