နေခွင့်ရှိသလောက်
_________________
ကိုယ့် ဝင်သက်လေမှာ
ပါးတစ်ဖက် မရှိခဲ့ပေမယ့်
ကိုယ့် ထွက်သက်လေဟာ
အများအတွက် ဖြစ်စေရမယ်၊
ဘဝအနာဆိုတာ
နံရိုးကျိုးထားတဲ့လူလိုပါပဲ
ဘယ်သူမှ မမြင်ရပေမယ့်
အသက်ရှူတိုင်း နာ တယ်၊
အထီးကျန်တဲ့ အခါ
ဘယ်သူနဲ့ စကားပြောလဲ လို့် မေးလာရင်
ဘယ်သူနဲ့မှ မပြောဘူး အိပ်တယ်
ဘယ်မှမသွားဘူး ငြိမ်ငြိမ်လေးနေတယ်၊
အတိုက်ခံရတဲ့ အခါ
ကျောက်ဆောင်တွေကို သတိရတယ်
ဖျက်ဆီးခံရတဲ့ အခါ
ပန်းတွေကို သတိရတယ်၊
အားငယ်မိတဲ့အခါ
တိမ်တွေကို မော်ကြည့်တယ်
အထီးကျန်တဲ့အခါ
တိရိစ္ဆာန်တွေကို ပိုချစ်တယ်၊
ကမ္ဘာမြေကို ကယ်တင်ဖို့
စာဖတ်မယ်
နိုင်ငံတော်ကို ချီးမြှောက်ဖို့
ကလေးတွေကို စာသင်မယ်၊
ကောင်းကင်နဲ့ မတန်တဲ့ကြယ်ဆိုတာ မရှိပါဘူး
ဟုတ်တယ်- ဒါပေမယ့်
ကောင်းကင်မှာ အမြဲနေခွင့်မရှိတဲ့
အကြွေစောတဲ့ ကြယ်တွေ တွေ့နေရတယ်။
#သကျငယ်
Subscribe to:
Post Comments (Atom)
ကုသိုလ် စွမ်းအား
ကုသိုလ် စွမ်းအား 💟😊😇☸️🥰😊😇 ဘာကိုအကြောင်းပြုပြီး ပြုတဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်မှန်သမျှ- *အနဝဇ္ဇ=အပြစ်ကင်းခြင်း၊ *သုခဝိပါက=ချမ်းသာကျို...
-
ဟောဒီ ဘဒ္ဒကမ္ဘာမှာ ... အချစ်တတ်ဆုံးအမျိုးသမီး ၊ ရိုမန်တစ်အဆန်ဆုံးအမျိုးသမီးက ဘုရားအလောင်းတော် သိဒ္ဓထ္ထမင်းသားရဲ့ ကြင်ယာတော် ယသေ...
-
ဆရာမ ___ နှစ်ဆယ်တစ်ပတ်လည်အသက်နဲ့ နာမည်ရှေ့က ဒေါ် တပ်တယ် ။ လော် ကပ်ထားသလို အသံကျယ်ပြီး လေးဆယ်ကျော်အပျိုကြီးစတိုင်နဲ့ ဓာတ်ပုံရိုက်ရတာ...
-
Google Drive (ဂူဂဲလ် ဒရိုက်ဖ်) အကြောင်း ကျွန်တော်တို့တွေရဲ့ ဖုန်းအများစုမှာ Google က ထုတ်ထားတဲ့ မိုဘိုင်းဖုန်း အပ်ပလီကေးရှင်းတွေ...
No comments:
Post a Comment