Thursday, July 12, 2018
အရူးဋီကာ
= = = = =
~ သာလာယံ ဇရပ်တစ်ခု . .။
   သိပ်မကြာလိုက်ပါ . .
" ဘုရင်ကြီး . . ကြွ . .လာ . .ပြီ.,''
" ဟယ် ခမ်းနားလိုက်တာ "
" ခန့်တယ်ဟ"
" ဝလာတယ်နော် "
" အဟမ်း"
" အမတ်ကြီး စတော့ ,. ."
"ဟမ် ဘယ်လိုကြီး "
" ဟုတ်ပါတယ်ဗျို့ "
"မှန်ပါတယ်ဗျို့ "
"ဟယ် ဟုတ်သားဟ "
                                 ဇိနပုတ္တ(ဂန္ထဝင်)
                                 3 : 7 : 2018
[Unicode]အရူးဋီကာ
= = = = =
~ သာလာယံ ဇရပ်တစ်ခု . .။
          တိတိကျကျပြောရလျှင် ဟောင်းနွမ်းဆွေးမြေ့နေသော သွပ်မိုးနီနီများမိုးထားသည့် ဇရပ်တစ်ခု . .။ အမိုးသာရှိ၍ အကာမရှိ . .မညီညာသော မြေပေါ်တွင် တိုင်လေးတိုင်ထူ၍ ခရီးသွားများ နားနေဖို့ရန် ဆောက်လုပ်ထားသော ရွာပြင်ဇရပ်တစ်ခု ။
      ထိုဇရပ်ထဲတွင် လူတစ်စု စုဝေးရောက်ရှိနေကြသည် ။ တိုးတိတိုးတိ တွတ်ထိုးနေကြသော ထိုလူတစ်စု၏ မျက်နှာများသည် ဇရပ်အပြင်သို့မျှော်ကြသည် ။
   သိပ်မကြာလိုက်ပါ . .
" ဘုရင်ကြီး . . ကြွ . .လာ . .ပြီ.,''
ဇရပ်ဆီသို့ လွန်စွာ  စောင်ကြွားကြွားနိုင်သောဟန်ပန်ဖြင့် လုူတစ်ယောက် လျှောက်လာသည် ။ ထိုလူနောက်တွင် လူတစ်ယောက်လည်း ကပ်ပါလာသည် ။
 ဇရပ်အတွင်းမှ လူတစ်စု၏ အကြည့်များက ထို ဘုရင်ကြီးထံသို့ အငမ်းမရ . . .
" ဟယ် ခမ်းနားလိုက်တာ "
" ခန့်တယ်ဟ"
" ဝလာတယ်နော် "
"ဟုတ်ပါ့  ဗိုက်ကိုရွှဲနေတာပဲ "
"မမြင်တာကြာလို့ ဝလို့ လှလို့ပါလား ''
" ပျောက်နေတာ ကြာပြီနော် "
"ဖူးရခဲတယ်  . .တွေ့တုန်းဖူးထားကြ "
ဇရပ်အတွင်းရှိ လူတစ်စုထံမှ အံသြသံတို့ ကသောကမျော ထွက်ကျလာသည် ။
" အဟမ်း"
ဝင်လာသူမှ ချောင်းတစ်ချက်ဟန့်လိုက်သဖြင့် ဇရပ်အတွင်းမှ လူတစ်စု၏ အသံများ ငြိမ်ကျသွားသည် ။ လူတစ်ယောက်မှ လက်ရန်းတန်းကျိုးပဲ့နေသော ထိုင်ခုံတစ်ခုကို ကပျာကယာ ချပေး၍ ခပ်ကုတ်ကုတ် ပြန်ထိုင်နေသည်။ ထို ဘုရင်ကြီးသည် ထိုင်ခုံ၌ လှပခမ်းနားသေသပ်စွာ ဝင်ထိုင်သည် ။ ဘုရင်ကြီးနှင့်အတူပါလာသူက မျက်မှန်အနက်ကြီးတပ်လျက် မာန်ပါပါဘေးတွင်ရပ်နေသည် ။
" အမတ်ကြီး စတော့ ,. ."
ဘုရင်ကြီးထံမှ ခပ်ပြတ်ပြတ် အမိန့်ပေးသံ ထွက်လာသည် နှင့် မာန်ပါပါရပ်နေသောသူသည် အလွန်အင်မတန်အရေးကြီးသော မျက်နှာနှင့် စကားစသည် ။
" အဟမ်း . . ဒီနေ့ တိုင်းသူပြည်သားတို့ကို ဖိတ်ခေါ်ရတဲ့အကြောင်းကတော့ နုတ်ခမ်းမွှေးကိစ္စပါ "
"ဟမ် ဘယ်လိုကြီး "
"နုတ်ခမ်းမွှေးကိစ္စ ဟုတ်စ "
"ဘယ်လို နုတ်ခမ်းမွှေးတုန်းဟ "
" ဟုတ်ပါတယ် . . . ဘုရင်ကြီးရဲ့ နုတ်ခမ်းမွှေး ကိစ္စပါ . .ဒီလိုရှိတယ်လေဗျာ  . . .တိုင်းပြည်အုပ်ချုပ် ဘုရင်လုပ်သူဆိုတာ ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံရမယ်လေဗျာ . .ဟုတ်တယ်မလား "
" ဟုတ်ပါတယ်ဗျို့ "
"မှန်ပါတယ်ဗျို့ "
"ပညာရှိအမတ်ကြီး ပီသလိုက်တာ "
အမတ်ကြီးက ငါးသလောက်ပြုံးပြုံးရင်း စကားဆက်သည် ။
" မနေ့က ညီလာခံမှာ အရေးကြီးကိစ္စတစ်ခု အဆိုတင်သွင်းပြီး ပြည်သူဆန္ဒလာကောက်ခံတာပါ . .ဒီမိုကရေစီလေ သိတယ်မလား "
"ဟယ် ပွင့်လင်းမြင်သာလိုက်တာ . ."
"ဒါမှ မြင့်မြတ်သော ဘုရင်"
"သက်တော်ရာကျော်ရှည်ပါစေ . ."
ဘုရင်ကြီးက ပြည်သူ့စကားများကို အလေးအနက်မျက်စိမှိတ်၍ အာရုံခံနေလေသည် ။အမတ်ကြီးက မျက်စိမှိတ်၍ ပြည်သူ့အသံကို အာရုံပြုနေသော ဘုရင်ကြီးအား ဦးညွှတ်၍ စကားဆက်သည် ။
" အရေးကြီးကိစ္စကတော့ တခြားမဟုတ်ပါဘူး . .ကျုပ်တို့ ဘုရင်ကြီးရဲ့ နုတ်ခမ်းမွှေးကိစ္စပါ . ."
အူကြောင်ကြောင်ကြည့်နေသော တိုင်းသူပြည်သားများကို အမတ်ကြီးတစ်ချက်ဝေ့ကြည့်ကာ စကားဆက်သည် ။
" ဘုရင်းကြီးရဲ့ နုတ်ခမ်းမွှေးတွေဟာ တိုင်းသူပြည်သားတို့မြင်သည့်အတိုင်း ရှည်ထွက်လာနေပါတယ် . ထိုအင်မတန်နက်မှောင်သန်စွမ်းသော နုတ်ခမ်းမွှေးများကို ရိတ်သင့် မရိတ်သင့် အဆိုတင်သွင်းတဲ့အခါ . .
    တချို့က ကုလားနဲ့ တူနေလို့ ရိတ်သင့်ကြောင်း အဆိုပြုပါတယ် . . တချို့ကတော့ ရိတ်လိုက်ရင် ဘုရင်ကြီးဟာ အခြောက်ဆန်သွားမှာမို့ မရိတ်သင့်ကြောင်း အဆိုပြုပါတယ် . .
        ပြည်သူတွေရဲ့ ဆန္ဒကို သိချင်ပါတယ် . ."
ထိုအခါ ပရိတ်သတ်ထဲမှ လူတစ်ယောက်က မတ်ခနဲ ထရပ်၍ ဆန္ဒပြုသည် ။
" ကျွန်တော်မျိုးကတော့ မျှမျှတတ အကြံပေးပါ့မယ် . .ဘုရင်ကြီး နုတ်ခမ်းမွှေးတခြမ်းကို ရိတ်လိုက်ပါ "
"ဟုတ်ပါတယ်ဗျို့  . .မျှမျှတတ တစ်ဝက်ရိတ်ပါ တစ်ဝက်ထားပါ "
ထောက်ခံသံများ ဆူညံသွားသည် ။
" မဖြစ်ဘူး . .မဖြစ်ဘူး . .အဲဒီလို ရိတ်လို့ဘယ်ဖြစ်မလဲ "
လူတစ်ယောက်က ထ၍ တားမြစ်သည် ။
" ဘာလို့လဲ . .ဘာ့ကြောင့်လဲ "
"နုတ်ခမ်းမွှေး တစ်ဖက်ရိတ် တစ်ဖက်ထားရင် ဘုရင်ကြီးဟာ ကုလားခြောက်ဖြစ်သွားလိမ်မယ် "
"ဟယ် ဟုတ်သားဟ "
"တော်လိုက်တာ . .တွေးတတ်တယ် ကြည့်စမ်း "
"ဖြောင်း  . . ဖြောင်း . .ဖြောင်း "
လက်ခုပ်သံများ ဆူညံ့သွားသည် ။
ထိုအခါ ဘုရင်ကြီးမျက်လုံးများ ပွင့်လာ၍ စကားဆိုသည် .။
"တော်ပြီ အင်မတန်အရေးကြီးအဆိုမို့ . .စီမံကိန်းဆွဲရမယ် . . ညီလာခံကို နောက်တစ်ပတ်သို့ ရွှေ့လိုက်တယ် . .ပြန်မယ် "
" တိုင်းရေးပြည်ရာတွေနဲ့ ပန်းနာကျနေတဲ့  ဘုရင်ကြီး သက်တော်ရာကျော်ရှည်ပါစေ . .ရှည်ပါစေ . .ရှည်ပါစေ "
ထိုအခါ ဇရပ်ရှေ့မှ ရွာကျောင်းဆရာတော်နှင့် ဒကာတစ်ယောက်ဖြတ်လျှောက်သွားသည်။ ဒကာက ဇရပ်အတွင်းသို့ကြည့်၍ . .
"ဆရာတော် ဟိုက လူတစ်စု ဇရပ်ထဲမှာ ဆူညံ့နေတာ ဘာလုပ်နေကြတာလဲ ဘုရား "
"ဘာမဟုတ်ပါဘူး ဒကာရယ် . .ရွာထဲက ကလေးတွေ အရူးနှစ်ယောက်နဲ့ ရှင်ဘုရင်လုပ်တမ်းကစားနေကြတာပါ "
                                 ဇိနပုတ္တ(ဂန္ထဝင်)
                                 3 : 7 : 2018
[Zawgyi]အရူးဋီကာ
= = = = =
~ သာလာယံ ဇရပ်တစ်ခု . .။
   သိပ်မကြာလိုက်ပါ . .
" ဘုရင်ကြီး . . ကြွ . .လာ . .ပြီ.,''
" ဟယ် ခမ်းနားလိုက်တာ "
" ခန့်တယ်ဟ"
" ဝလာတယ်နော် "
" အဟမ်း"
" အမတ်ကြီး စတော့ ,. ."
"ဟမ် ဘယ်လိုကြီး "
" ဟုတ်ပါတယ်ဗျို့ "
"မှန်ပါတယ်ဗျို့ "
"ဟယ် ဟုတ်သားဟ "
                                 ဇိနပုတ္တ(ဂန္ထဝင်)
                                 3 : 7 : 2018
[Unicode]အရူးဋီကာ
= = = = =
~ သာလာယံ ဇရပ်တစ်ခု . .။
          တိတိကျကျပြောရလျှင် ဟောင်းနွမ်းဆွေးမြေ့နေသော သွပ်မိုးနီနီများမိုးထားသည့် ဇရပ်တစ်ခု . .။ အမိုးသာရှိ၍ အကာမရှိ . .မညီညာသော မြေပေါ်တွင် တိုင်လေးတိုင်ထူ၍ ခရီးသွားများ နားနေဖို့ရန် ဆောက်လုပ်ထားသော ရွာပြင်ဇရပ်တစ်ခု ။
      ထိုဇရပ်ထဲတွင် လူတစ်စု စုဝေးရောက်ရှိနေကြသည် ။ တိုးတိတိုးတိ တွတ်ထိုးနေကြသော ထိုလူတစ်စု၏ မျက်နှာများသည် ဇရပ်အပြင်သို့မျှော်ကြသည် ။
   သိပ်မကြာလိုက်ပါ . .
" ဘုရင်ကြီး . . ကြွ . .လာ . .ပြီ.,''
ဇရပ်ဆီသို့ လွန်စွာ  စောင်ကြွားကြွားနိုင်သောဟန်ပန်ဖြင့် လုူတစ်ယောက် လျှောက်လာသည် ။ ထိုလူနောက်တွင် လူတစ်ယောက်လည်း ကပ်ပါလာသည် ။
 ဇရပ်အတွင်းမှ လူတစ်စု၏ အကြည့်များက ထို ဘုရင်ကြီးထံသို့ အငမ်းမရ . . .
" ဟယ် ခမ်းနားလိုက်တာ "
" ခန့်တယ်ဟ"
" ဝလာတယ်နော် "
"ဟုတ်ပါ့  ဗိုက်ကိုရွှဲနေတာပဲ "
"မမြင်တာကြာလို့ ဝလို့ လှလို့ပါလား ''
" ပျောက်နေတာ ကြာပြီနော် "
"ဖူးရခဲတယ်  . .တွေ့တုန်းဖူးထားကြ "
ဇရပ်အတွင်းရှိ လူတစ်စုထံမှ အံသြသံတို့ ကသောကမျော ထွက်ကျလာသည် ။
" အဟမ်း"
ဝင်လာသူမှ ချောင်းတစ်ချက်ဟန့်လိုက်သဖြင့် ဇရပ်အတွင်းမှ လူတစ်စု၏ အသံများ ငြိမ်ကျသွားသည် ။ လူတစ်ယောက်မှ လက်ရန်းတန်းကျိုးပဲ့နေသော ထိုင်ခုံတစ်ခုကို ကပျာကယာ ချပေး၍ ခပ်ကုတ်ကုတ် ပြန်ထိုင်နေသည်။ ထို ဘုရင်ကြီးသည် ထိုင်ခုံ၌ လှပခမ်းနားသေသပ်စွာ ဝင်ထိုင်သည် ။ ဘုရင်ကြီးနှင့်အတူပါလာသူက မျက်မှန်အနက်ကြီးတပ်လျက် မာန်ပါပါဘေးတွင်ရပ်နေသည် ။
" အမတ်ကြီး စတော့ ,. ."
ဘုရင်ကြီးထံမှ ခပ်ပြတ်ပြတ် အမိန့်ပေးသံ ထွက်လာသည် နှင့် မာန်ပါပါရပ်နေသောသူသည် အလွန်အင်မတန်အရေးကြီးသော မျက်နှာနှင့် စကားစသည် ။
" အဟမ်း . . ဒီနေ့ တိုင်းသူပြည်သားတို့ကို ဖိတ်ခေါ်ရတဲ့အကြောင်းကတော့ နုတ်ခမ်းမွှေးကိစ္စပါ "
"ဟမ် ဘယ်လိုကြီး "
"နုတ်ခမ်းမွှေးကိစ္စ ဟုတ်စ "
"ဘယ်လို နုတ်ခမ်းမွှေးတုန်းဟ "
" ဟုတ်ပါတယ် . . . ဘုရင်ကြီးရဲ့ နုတ်ခမ်းမွှေး ကိစ္စပါ . .ဒီလိုရှိတယ်လေဗျာ  . . .တိုင်းပြည်အုပ်ချုပ် ဘုရင်လုပ်သူဆိုတာ ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံရမယ်လေဗျာ . .ဟုတ်တယ်မလား "
" ဟုတ်ပါတယ်ဗျို့ "
"မှန်ပါတယ်ဗျို့ "
"ပညာရှိအမတ်ကြီး ပီသလိုက်တာ "
အမတ်ကြီးက ငါးသလောက်ပြုံးပြုံးရင်း စကားဆက်သည် ။
" မနေ့က ညီလာခံမှာ အရေးကြီးကိစ္စတစ်ခု အဆိုတင်သွင်းပြီး ပြည်သူဆန္ဒလာကောက်ခံတာပါ . .ဒီမိုကရေစီလေ သိတယ်မလား "
"ဟယ် ပွင့်လင်းမြင်သာလိုက်တာ . ."
"ဒါမှ မြင့်မြတ်သော ဘုရင်"
"သက်တော်ရာကျော်ရှည်ပါစေ . ."
ဘုရင်ကြီးက ပြည်သူ့စကားများကို အလေးအနက်မျက်စိမှိတ်၍ အာရုံခံနေလေသည် ။အမတ်ကြီးက မျက်စိမှိတ်၍ ပြည်သူ့အသံကို အာရုံပြုနေသော ဘုရင်ကြီးအား ဦးညွှတ်၍ စကားဆက်သည် ။
" အရေးကြီးကိစ္စကတော့ တခြားမဟုတ်ပါဘူး . .ကျုပ်တို့ ဘုရင်ကြီးရဲ့ နုတ်ခမ်းမွှေးကိစ္စပါ . ."
အူကြောင်ကြောင်ကြည့်နေသော တိုင်းသူပြည်သားများကို အမတ်ကြီးတစ်ချက်ဝေ့ကြည့်ကာ စကားဆက်သည် ။
" ဘုရင်းကြီးရဲ့ နုတ်ခမ်းမွှေးတွေဟာ တိုင်းသူပြည်သားတို့မြင်သည့်အတိုင်း ရှည်ထွက်လာနေပါတယ် . ထိုအင်မတန်နက်မှောင်သန်စွမ်းသော နုတ်ခမ်းမွှေးများကို ရိတ်သင့် မရိတ်သင့် အဆိုတင်သွင်းတဲ့အခါ . .
    တချို့က ကုလားနဲ့ တူနေလို့ ရိတ်သင့်ကြောင်း အဆိုပြုပါတယ် . . တချို့ကတော့ ရိတ်လိုက်ရင် ဘုရင်ကြီးဟာ အခြောက်ဆန်သွားမှာမို့ မရိတ်သင့်ကြောင်း အဆိုပြုပါတယ် . .
        ပြည်သူတွေရဲ့ ဆန္ဒကို သိချင်ပါတယ် . ."
ထိုအခါ ပရိတ်သတ်ထဲမှ လူတစ်ယောက်က မတ်ခနဲ ထရပ်၍ ဆန္ဒပြုသည် ။
" ကျွန်တော်မျိုးကတော့ မျှမျှတတ အကြံပေးပါ့မယ် . .ဘုရင်ကြီး နုတ်ခမ်းမွှေးတခြမ်းကို ရိတ်လိုက်ပါ "
"ဟုတ်ပါတယ်ဗျို့  . .မျှမျှတတ တစ်ဝက်ရိတ်ပါ တစ်ဝက်ထားပါ "
ထောက်ခံသံများ ဆူညံသွားသည် ။
" မဖြစ်ဘူး . .မဖြစ်ဘူး . .အဲဒီလို ရိတ်လို့ဘယ်ဖြစ်မလဲ "
လူတစ်ယောက်က ထ၍ တားမြစ်သည် ။
" ဘာလို့လဲ . .ဘာ့ကြောင့်လဲ "
"နုတ်ခမ်းမွှေး တစ်ဖက်ရိတ် တစ်ဖက်ထားရင် ဘုရင်ကြီးဟာ ကုလားခြောက်ဖြစ်သွားလိမ်မယ် "
"ဟယ် ဟုတ်သားဟ "
"တော်လိုက်တာ . .တွေးတတ်တယ် ကြည့်စမ်း "
"ဖြောင်း  . . ဖြောင်း . .ဖြောင်း "
လက်ခုပ်သံများ ဆူညံ့သွားသည် ။
ထိုအခါ ဘုရင်ကြီးမျက်လုံးများ ပွင့်လာ၍ စကားဆိုသည် .။
"တော်ပြီ အင်မတန်အရေးကြီးအဆိုမို့ . .စီမံကိန်းဆွဲရမယ် . . ညီလာခံကို နောက်တစ်ပတ်သို့ ရွှေ့လိုက်တယ် . .ပြန်မယ် "
" တိုင်းရေးပြည်ရာတွေနဲ့ ပန်းနာကျနေတဲ့  ဘုရင်ကြီး သက်တော်ရာကျော်ရှည်ပါစေ . .ရှည်ပါစေ . .ရှည်ပါစေ "
ထိုအခါ ဇရပ်ရှေ့မှ ရွာကျောင်းဆရာတော်နှင့် ဒကာတစ်ယောက်ဖြတ်လျှောက်သွားသည်။ ဒကာက ဇရပ်အတွင်းသို့ကြည့်၍ . .
"ဆရာတော် ဟိုက လူတစ်စု ဇရပ်ထဲမှာ ဆူညံ့နေတာ ဘာလုပ်နေကြတာလဲ ဘုရား "
"ဘာမဟုတ်ပါဘူး ဒကာရယ် . .ရွာထဲက ကလေးတွေ အရူးနှစ်ယောက်နဲ့ ရှင်ဘုရင်လုပ်တမ်းကစားနေကြတာပါ "
                                 ဇိနပုတ္တ(ဂန္ထဝင်)
                                 3 : 7 : 2018
[Zawgyi]အရူးဋီကာ
= = = = =
~ သာလာယံ ဇရပ်တစ်ခု . .။
   သိပ်မကြာလိုက်ပါ . .
" ဘုရင်ကြီး . . ကြွ . .လာ . .ပြီ.,''
" ဟယ် ခမ်းနားလိုက်တာ "
" ခန့်တယ်ဟ"
" ဝလာတယ်နော် "
" အဟမ်း"
" အမတ်ကြီး စတော့ ,. ."
"ဟမ် ဘယ်လိုကြီး "
" ဟုတ်ပါတယ်ဗျို့ "
"မှန်ပါတယ်ဗျို့ "
"ဟယ် ဟုတ်သားဟ "
                                 ဇိနပုတ္တ(ဂန္ထဝင်)
                                 3 : 7 : 2018
Wednesday, July 11, 2018
ပြဿ နာရှာတဲ့လူ
((( ပြဿ  နာရှာတဲ့လူ
)))
[ ၁ ]
တစ်ခါတုန်းက သတင်းထောက်တစ်ယောက်ဟာ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးတစ်ယောက်ကို " အရှေ့အလယ်ပိုင်းမှာ ဘာပြဿ  နာတွေဖြစ်နေတာလဲ"လို့ မေးသတဲ့။
ဗိုလ်ချုပ်ကြီးက အေးအေးဆေးဆေးလေးနဲ့ "အရှေ့အလယ်ပိုင်းမှာ ဘာပြဿ  နာမှ မရှိပါဘူး"လို့ပြန်ဖြေသတဲ့။ ဗိုလ်ချုပ်ကြီးရဲ့စကားကို ကြားတော့ သတင်းထောက်က အံ့လည်းအံ့သြ၊ ကျေလည်း မကျေနပ်ဘူးပေါ့လေ။ ဒါနဲ့ စိတ်ဆိုး မာန်ဆိုးနဲ့ စောဒကတက်ပြီး မေးခွန်းထပ်ထုတ်တာပေါ့။
" ဟာ! ခင်ဗျား ဘယ်လိုပြောလိုက်တာလဲဗျ၊ ဒီလောက် ကျည်ဆန်တွေပလူပျံ၊ ဗုံးတွေ တဝုန်းဝုန်းကျဲ၊ စစ်သားတွေ အရပ်သားတွေ သောက်သောက်လဲသေနေတာကို ဘာပြဿ  နာမှ မရှိဘူးလို့ ခင်ဗျားမို့ ပြောထွက်တယ်၊ အဲ့ဒါတွေက ပြဿ  နာမဟုတ်လို့ ဘာလဲဗျ"
" ဟုတ်တယ်လေ၊ ငါပြောတာ ဘာမှားလို့လဲ၊ အရှေ့အလယ်ပိုင်းက ဘာပြဿ  နာမှ မဖြစ်ဘူး၊ အင်း-အရှေ့အလယ်ပိုင်းတင်မကဘူး၊ သေနတ်တွေမှာရော၊ ဗုံးတွေမှာရော၊ ကျည်ဆန်တွေမှာရော ဘာပြဿ  နာမှ မရှိဘူးရယ် "
" ဒါဆို ဘာကပြဿ  နာဖြစ်နေတာလဲ ဗိုလ်ချုပ်ကြီးရဲ့ "
သတင်းထောက်က ဗိုလ်ချုပ်ကြီးရဲ့ အဖြေစကားတွေကို စိတ်မရှည်သလိုနဲ့ ခပ်ဆတ်ဆတ်ဖြတ်မေးလိုက်တော့ ဗိုလ်ချုပ်ကြီးကလည်း ခပ်ပြတ်ပြတ်ပဲ တစ်ခွန်းတည်းပြန်ဖြေသတဲ့။
" လူတွေ "
********************
[ ၂ ]
လူတွေရဲ့ ပြဿ  နာပေါင်းသောင်းခြောက်ထောင်ကို နေ့တိုင်းကြားရမြင်ရတယ်။
ကားကြောင့်၊ ဆိုင်ကယ်ကြောင့်၊ အစားအသောက်ကြောင့်၊ အဝတ်အစားကြောင့်၊ မိဘကြောင့်၊ ဆရာ ဆရာမတွေကြောင့်၊ စာအုပ်ကြောင့်၊ သင်ကြားရေးစနစ်ကြောင့်၊ ဆိုင်ပိုင်ရှင်ကြောင့်၊ ပန်းခြံစောင့်ကြောင့်၊ ရဲကြောင့်၊ စစ်သားကြောင့်၊ အမတ်တွေကြောင့်၊ အစိုးရကြောင့်၊ ဒကာ-ဒကာမတွေကြောင့်၊ ရဟန်းသံဃာတွေကြောင့်၊ အတုတွေကြောင့်၊ အစစ်တွေကြောင့်၊ ချစ်သူကြောင့်၊ မုန်းသူကြောင့် . . . စသည်စသည်။
ဖြစ်လာတဲ့ပြဿ  နာတိုင်းဟာ ကိုယ့်ကြောင့်လို့ ဘယ်တော့မှ တိုက်ရိုက်မတွေးမိကြဘူးရယ်။ မတွေးချင်ကြတာလည်း ဖြစ်မှာပေါ့။ တွေးမိကြတယ်ဆိုရင်လည်း တွေးမိတဲ့သူ အတော်နည်းမယ် ထင်တယ်။ ကိုယ်အပါအဝင် အများစုကတော့ ကိုယ်မဟုတ်တဲ့ သက်ရှိ/သက်မဲ့တစ်ခုခုကြောင့်လို့ အလွယ်တကူတွေးမိတတ်ကြတယ်။
အဲ့ဒီတော့ ပြဿ  နာကို အဖြေရှာတဲ့အခါ ကိုယ့်ဆီမှာအဖြေမရှာတော့ပဲ အခြားသူ/အရာတွေဆီကိုပဲ မြားဦးလှည့် ရှာဖွေနေမိတတ်တယ်။ အဲ့ဒီလို ရှာဖွေတော့ အဖြေမတွေ့ဘူးလား။ တွေ့တယ်။ ဘယ်လိုအဖြေလဲ? ကိုယ်မလိုချင်တဲ့၊ ကိုယ်လက်မခံနိုင်တဲ့ အဖြေတွေ။ အခြားနေရာဆီကို အဖြေလိုက်ရှာတော့ အခြားအဖြေတွေပဲတွေ့မှာပေါ့။
အခြားအဖြေတွေတွေ့တော့ ဝမ်းသာအားရနဲ့ ရှင်းရမယ့်ပြဿ  နာနဲ့ ဟပ်ကြည့်၊ ဆက်ကြည့်တယ်၊ ဖြေကြည့်တယ်။ အံမဝင်ဘူး၊ ခွင်မကျဘူး။ အဆင်မပြေဘူး။ လက်မခံနိုင်ဘူး။ "ဟ! ဒါက ဒီလိုမဖြစ်ရဘူးလေကွာ၊ ဟိုလိုဖြစ်ရမှာ''ဆိုပြီး ကိုယ်လိုချင်တဲ့အဖြေပုံစံကို အခြားသူ/အရာတွေဆီမှာ ဇွတ်ရော အတင်းပါ လိုက်ပုံသွင်းနေမိတယ်။
ဘယ်အချိန်မှာ အဆင်ပြေသွားလဲဆိုတော့ " အင်းပါ ဒီအဖြေလည်း သင့်တော်ပါတယ်၊ ဒါလည်း မဆိုးပါဘူး၊ ဒါကိုတော့ လက်ခံလို့ရပါတယ်"ဆိုတဲ့ အချိန်မျိုးမှာ 'ဘာကြောင့် ညာကြောင့်'ဆိုတာတွေနဲ့ အဆင်ပြေသွားတယ်။
အဲ့ဒါဟာ ပြဿ  နာရဲ့အဖြေက ကောင်းလွန်း မှန်လွန်း သင့်တော်လွန်းလို့မဟုတ်ဘူး။ အဲ့ဒီပြဿ  နာကို လက်ခံတဲ့ ကိုယ့်စိတ်ရဲ့ပုံစံကို ပြောင်းပစ်လိုက်နိုင်လို့ အဆင်ပြေသွားတာ။
********************
[ ၃ ]
အိမ်မှာ ကိုယ့်မိန်းမ (သို့မဟုတ် ) သားသမီးတွေက ဟင်းတစ်ခွက်ချက်တယ်။ ကိုယ်နဲ့ ကိုယ့်စိတ်အဆင်ပြေနေရင် ဟင်းက စားကောင်းတယ်။ ကိုယ်နဲ့ ကိုယ့်စိတ်အဆင်မပြေရင် စားမကောင်းဘူး။ ဟင်းက ပြဿ  နာလား? ကိုယ်က ပြဿ  နာလား?
ကိုယ့်သူငယ်ချင်းက သူခေါ်နေကျအတိုင်းပဲ ကိုယ့်ကို ဝက်ကြီးလို့ခေါ်တယ်။ မဲလုံးလို့ခေါ်တယ်။ ဂျပုလို့ခေါ်တယ်။ လောရှည်လို့ခေါ်တယ်။ လေးလုံးလို့ခေါ်တယ်။ မှန်ကြောင်လို့ခေါ်တယ်။ ကုလားလို့ခေါ်တယ်။ တရုတ်လို့ခေါ်တယ်။
ကိုယ်နဲ့ ကိုယ့်စိတ်အဆင်ပြေနေရင် ပြန်ထူးတယ်။ ကိုယ်နဲ့ကိုယ့်စိတ်အဆင်မပြေရင် 'ငါ့ကို အဲ့ဒီလိုမခေါ်နဲ့ မကြိုက်ဘူး'ဆိုတာမျိုးက စ,ပြီး ဆဲတာ ဆိုတာတွေအထိ ပြဿ  နာမီး ပွားသွားရော။ အဲ့ဒါ နာမည်ပြောင်က ပြဿ  နာလား? ကိုယ်က ပြဿ  နာလား?
အရမ်းချစ်ကြတဲ့သူနှစ်ယောက် လူတိုင်းကြုံနေကျ လူမှုရေးကိစ္စတစ်ခုကြုံတယ်။ သူတို့ရဲ့ ကိုယ်နဲ့ စိတ်အဆင်ပြေနေကြရင် လူမှုရေးကိစ္စကို နှစ်ယောက်တိုင်ပင်ကြတယ်။ ကိုယ်နဲ့စိတ် အဆင်မပြေကြရင် အဲ့ဒီလူမှုရေးကိစ္စဟာ ပြဿ  နာအကြီးအကျယ်ဖြစ်သွားရော။ အဲ့ဒါလူမှုရေးကိစ္စက ပြဿ  နာလား? ကိုယ်က ပြဿ  နာလား?
ဒါ မြင်သာထင်သာတဲ့ ဥပမာ နှစ်ခု - သုံးခု ထုတ်ပြတာပေါ့လေ။ ဆိုလိုချင်တာက ကိုယ်တွေရဲ့ နေ့စဉ်ဘဝမှာ ပြဿ  နာဆိုတာက ကြီးတာငယ်တာကလွဲရင် မလွှဲမရှောင်သာကြုံရမယ့် အရေးတစ်ခုပဲ။ အမူအရာနဲ့ဖြစ်စေ စကားလုံးနဲ့ဖြစ်စေ စတင်လာတဲ့ ပြဿ  နာတစ်ခုကို အဆုံးသတ်ဖို့ဆိုရင် လက်ခံတဲ့ပုံစံကို ပြောင်းလိုက်ဖို့ပါပဲ။
အစားအသောက်တစ်ခုခုဟာ ဘယ်သူချက်တယ်၊ ဘယ်လိုချက်တယ်ဆိုတာထက် ကိုယ်ကြိုက်လား, မကြိုက်ဘူးလားဆိုတဲ့အပေါ်မူတည်ပြီး အဲ့ဒီဟင်း ကောင်းတယ် မကောင်းဘူးဖြစ်သွားမှာ။ ဒါဆို ပရမတ္ထသဘောတရားအရ ပုပ်ဟောင်နံစော်နေတဲ့အရာကို ကိုယ်နှစ်သက်ရုံနဲ့ မွှေးကြိုက်နေပါတယ်လို့ လက်ခံရမှာလား?လို့ မေးစရာရှိတယ်။
အဖြေက လွယ်ပါတယ်။ မစင်ထဲက လောက်ကောင်တွေအတွက် မစင်တွေဟာ အာဟာရပဲ။ အပုပ်အစပ်ကြိုက်တဲ့ လင်းတတွေအတွက် အပုပ်အစပ်တွေဟာ နတ်သုဒ္ဓါပဲလေ။ ဘာအငြင်းပွားစရာရှိမှာလဲ နော့။
[ ၄ ]
" လူ့လောက၌၊ သူများအမိုက်၊ ကိုယ်၌ထင်ကာ၊ သိလွယ်စွာ၏၊ ကိုယ်မှာမိုက်ငြား၊ ကိုယ့်အမှားကို၊ ကိုယ်ကအမြဲ၊ သိနိုင်ခဲ၏၊ ခပဲပုံယင်၊ ဤလူရှင်ကား၊ ကိုယ်ပင်ကိုယ်သာ၊ ကိုယ်လိမ္မာဟု၊ အရာတိုင်းမှတ်၊ ထင်မှားတတ်၏ "
-------------------(မဃဒေဝ၊ ၃၉၄။)
ပြဿ  နာတွေမပြေလည်တဲ့အကြောင်းတွေထဲက တစ်ချက်ကတော့ ကိုယ့်ကိုယ်ကို အမြဲမှန်တယ်လို့ ထင်တာပဲ။
ပြဿ  နာတစ်ခုခုဖြစ်ပြီဆိုရင် ကိုယ့်ကြောင့်လို့ ဘယ်တော့မှ မထင်ဘူး။ ကိုယ့်ကိုယ်ကိုတော့ မမှားဘူးထင်တာကိုး။ ကိုယ့်ကိုယ်ကို မထင်တော့ ဘယ်သူ့ထင်လဲဆိုတော့ ကိုယ်မဟုတ်တဲ့၊ ကိုယ်ဆုပ်ကိုင်ထားတဲ့ အမှန်တရားကို မထိခိုက်စေမယ့် ပြဿ  နာနဲ့ဆက်စပ်ရာ သက်ရှိ/သက်မဲ့ အကုန်လုံးကိုထင်တယ်။
ဒီတော့ ပြဿ  နာကို ကောက်ချက်ဆွဲတဲ့အခါ ကိုယ့်ပြင်ပကို ဗဟိုပြုပြီး ကောက်ချက်ဆွဲတယ်။ ရလာတဲ့အဖြေက ကိုယ့်ပြင်ပက အဖြေပဲ။ အဲ့ဒီအဖြေက ကိုယ့်ပြဿ  နာနဲ့ မကိုက်ညီသေးဘူး၊ ကိုယ့်ပြဿ  နာနဲ့ အံဝင်ခွင်ကျမဖြစ်သေးဘူးဆိုရင် မကိုက်ကိုက်အောင်၊ အံမဝင် ဝင်အောင် လိုက်ညှိတယ်။ ကိုယ်နဲ့မကိုက်လို့ ညှိလေလေ၊ အဆင်မပြေဖြစ်လေလေ၊ ပြဿ  နာရဲ့အဖြေနဲ့ဝေးလေလေ (ဒါမှမဟုတ်)ပြဿ  နာပိုကြီးထွားလေလေ။
ကြာတော့ ကိုယ့်စိတ်နဲ့ကိုယ် ပင်ပန်းပြီး 'ဘာလုပ်ရမှန်းကို မသိတော့ဘူး'ဆိုတာမျိုးဖြစ်သွားရော။ တစ်ဖက်သားကို နိုင်လိုတဲ့စိတ်၊ အပြစ်တင်လိုတဲ့စိတ်၊ ကိုယ်မှန်ကြောင်းပြသလိုတဲ့စိတ်၊ သူမှားကြောင်းပေါ်လွင်စေလိုတဲ့စိတ် စတာတွေကို လုံးပမ်းနေရတာနဲ့ ကိုယ့်စိတ်ကို ပြောင်းလိုက်ဖို့တော့ မေ့မေ့နေတတ်တာကိုး။
သဘာဝရှုခင်းတစ်ခုရှိတယ်ဆိုပါစို့။ သစ်ပင်တွေမရှိတော့တဲ့ တောင်ခြေရင်းက ရိုးပြတ်ငုတ်တိုနဲ့ လယ်ကွက်တွေ ပိုးလို့ပက်လက်ပဲ။ ကန်သင်းမှာ ထန်းပင် သုံးလေးပင်နဲ့၊ လယ်စောင့်တဲလေးနဲ့။ အဲ့ဒီရှုခင်းကို ပန်းချီဆရာရယ်၊ ကဗျာဆရာရယ်၊ ရဟန်းတစ်ပါးရယ် မြင်ကြတယ်ထား။
ပန်းချီဆရာအတွက် တောင်တန်းနဲ့ လယ်ကွင်းတွေဟာ ပန်းချီကားတစ်ချပ်။ကဗျာဆရာက တောင်တန်းရဲ့ မြင့်မားမှုနဲ့ လယ်ကွင်းတွေရဲ့ ကျယ်ပြန့်ပုံအကြောင်း ကဗျာတစ်ပုဒ်ရေးချင်ရေးမယ်။ ဘုန်းကြီးအတွက်တော့ "အနုတ္တရံ ပုညခေတ္တံ လောက  ဿ" ဆိုတဲ့ ကောင်းမှုမျိုးစေ့ကို ကြဲချရာ လယ်ယာမြေကောင်းသဖွယ်ဆိုတဲ့ သံဃာ့ဂုဏ်တော်အကြောင်း တရားတစ်ပုဒ်ရချင် ရသွားမယ်။
ပြောချင်တာက ပြဿ  နာဖြစ်ခြင်း မဖြစ်ခြင်းဟာ အဖြစ်အပျက်အပေါ် ကိုယ်ဘယ်လိုချဉ်းကပ်သလဲဆိုတဲ့အပေါ်မူတည်တယ်ဆိုတာကိုပါ။ ဆိုင်ကယ်ချင်း ချိတ်မိရာက ရုံးရောက် ဂတ်ရောက်နဲ့ တစ်သက်လုံးရန်သူတွေဘဝ ရောက်သွားနိုင်သလို၊ သမီးရည်းစားချစ်သူတွေဘဝနဲ့ တစ်သက်လုံးစာ လက်တွဲဖော်လည်း ဖြစ်သွားနိုင်တယ်မဟုတ်လား?
ပြဿ  နာတစ်ခုခုကို အဆုံးသတ်ဖို့ဆိုတာ ကြုံလိုက်ရတဲ့အဖြစ်အပျက်ကို ကိုယ့်စိတ်က လက်ခံတဲ့ပုံစံပြောင်းလဲလိုက်ဖို့တစ်ခုတည်းပါပဲ။
နေ့စဉ်ဘဝမှာ ပြဿ  နာကင်းကင်းနဲ့ အစစအရာရာ အဆင်ပြေပျော်ရွှင်ကြပါစေလေ။
အရှင်ကောသလ္လ(ရေဦး)
၂၅၊ ၆၊ ၂၀၁၈။
((( ချစ်လှစွာသောသူငယ်ချင်းများ )))
လူတိုင်းမှာ 'သူငယ်ချင်း'တွေ ရှိတတ်ကြတယ်။ ငယ်သူငယ်ချင်း၊ ကျောင်းသွားဖက်၊ အတန်းဖော်၊ စီးပွားမိတ်ဖက် စသည်ဖြင့် အမျိုးမျိုးပေါ့လေ။ ဘယ်နေရာမှာ ဘယ်လိုဆုံပြီး ဘယ်လောက်ခင်ကြတယ်ဆိုတာ မတူပေမယ့် ခင်ကြတာချင်းတော့ အတူတူပဲရယ်။
သူငယ်ချင်းရဲ့အဓိပ္ပာယ်ကို အမျိုးမျိုးဖွင့်ဆိုကြပေမယ့် ကိုယ့်သူငယ်ချင်းတွေကတော့ ပိုက်ဆံချေးလို့ ရတာ တစ်ခုတည်းနဲ့တင်ကို အတော်ခင်စရာ ကောင်းနေပါပြီ။
လောလောဆယ် အဆက်အသွယ်မပြတ် သွားလာပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကတော့ အင်္ဂလိပ်စာသင်တန်းတစ်ခုကို ဗဟိုပြုပြီး တွေ့ဆုံခင်မင်ရတဲ့ သူငယ်ချင်းတွေဆိုပါတော့။ အားလုံးဆို ခုနှစ်ယောက် - ရှစ်ယောက်လောက်များရှိမလား မသိဘူး။
ကိုယ်တို့သူငယ်ချင်းတွေက အဖြူ-အမဲ၊ အတို-အရှည်၊ အပိန်အဝ ဆိုဒ်စုံပဲ။ အတူတူသာပေါင်းနေကြတယ်၊ သူ့အမြင် ကိုယ့်အမြင်တွေကျတော့ တူကြတာမဟုတ်ဘူးရယ်။ ကိုယ်တို့ထဲမှာ အားလုံးက အလေးစားရဆုံးနောင်ကြီးတစ်ပါးအနေနဲ့ သတ်မှတ်ထားတာကတော့ မစိုးရိမ်တိုက်သစ်က "ဦးဝိမလ" Uvi Mala ပါပဲ။
အသက်က ကိုယ်နဲ့ သိပ်မကွာလှပေမယ့် သူက မစိုးရိမ်တိုက်သစ်မှာ လူကြီးနေရာမှာနေပြီး အုပ်ချုပ်ရေးပိုင်းတွေ၊ စီမံကွပ်ကဲရေးပိုင်းတွေမှာ တာဝန်ယူထားရလို့လားမသိဘူး။ သူရဲ့ နေထိုင်ပုံ၊ တွေးခေါ်မြော်မြင်ပုံတွေကျတော့ ကိုယ်နဲ့အတော်ကိုကွာတယ်။ ကိုယ်က လူငယ်ဆန်ဆန်ဆိုတော့လေ( အယ်လဲ့ )။
သူက စာဆိုလည်း အစုံဖတ်တယ်။ ဗဟုသုတလည်း တော်တော်စုံတယ်။ နည်းပညာလား? နိုင်ငံရေးလား? ပညာရေးလား? စာပေလား? ဘာသာရေးအတွေးအမြင်လား? ခေတ်ပညာဘက်ကလည်းတော်၊ ရဟန်းစာပေဘက်မှာလည်း ဗွက်တွေဘာတွေပေါက် - အဲလေ - ဘွဲ့တွေဘာတွေရဆိုတော့ကား ကြိုက်တဲ့ဘက်က လာစမ်း-အပြည့်အစုံကြီးမဟုတ်တောင် သူများတွေနောက်ကျန်မနေရစ်အောင်တော့ ချက်ကျလက်ကျဆွေးနွေးနိုင်တဲ့သူဆိုပါတော့။
တစ်ခုပဲ - သူနဲ့စကားပြောရရင် စိတ်ရှည်ရတယ်။ တစ်ခါတစ်ခါ သူနဲ့စကားပြောမိလို့ ငြင်းကြခုန်ကြ ဆွေးနွေးကြရင် သူ့ဆိုလိုရင်းရောက်အောင် မနည်းအောင့်အည်းပြီးစောင့်ရတယ်။ ဗဟုသုတပြည့်စုံသူဆိုတော့ သူပြောလိုတဲ့အချက်ရောက်အောင် သိုင်းကာ ဝိုင်းကာနဲ့ ပြောတတ်တယ်ဆိုပါတော့။
တစ်ခါတလေ၂၀၁၈ ကအကြောင်းအရာ ပြောပါတယ်ဆို " အဟမ်း-ဒါက သည်လိုရှိတယ် ရှင်ကော၊ ၁၉၃၃ ခုလောက်တုန်းကဆိုရင်---"ဆိုတဲ့ပြီး ဟိုး ကိုလိုနီခေတ်အထိပြန်ရောက်ချင် ရောက်သွားတတ်တာကလား? တစ်ခါတစ်ခါကျတော့လည်း လတ်တလောနိုင်ငံရေးအတက်အကျပြောနေပါတယ်ဆို၊ ' အဟွာပေါ့---အဟမ်း--ဂျာမနီမှာ ဟစ်တလာ သြဇာကြီးစိုးတုန်းက"ဆိုတဲ့ပြီး ပြောချလာလိုက်တာ လမ်းမှာ အမေရိကဝင်၊ တရုတ်ပြည်ဝင်နဲ့ အတော်နဲ့ မြန်မာပြည်ပြန်ရောက်မလာဘူး။ ဒါပေမယ့် အကြောင်းအရာတစ်ခုနဲ့တစ်ခုက ဆက်စပ်နေတော့ နားထောင်ရတာ ပျင်းစရာမကောင်းဘူး။
သူနဲ့စကားဝိုင်းတွေမှာ ဆုံမိရင် ကိုယ်တို့က သူ့ဆန့်ကျင်ဘက်ကနေ ဆွေးနွေးဖြစ်တာများတယ်။ တစ်ခါတစ်ခါ သူ့အမြင်နဲ့ ကိုယ့်အမြင်က မတူဘူးကိုး။ ဘယ်လိုငြင်းငြင်း ဘယ်လောက်ဆန့်ကျင်ဘက်ဖြစ်ဖြစ် အခင်အမင်မပျက် ဆက်လက်ချီတက်နေကြတုန်းပဲ။ သြော် သူငယ်ချင်းတွေကိုး။
နောက်တစ်ပါးက 'ဦးနန္ဒဝံသ' Nanda Msy တဲ့။ ကိုယ်တွေကတော့ ဦးနန်လို့ ခေါ်တယ်။ သူလည်း မစိုးရိမ်တိုက်သစ်မှာ စာချဘုန်းကြီးပဲ။ ကိုယ်တွေကသာ ဘာမှမဟုတ်တာ။ ကိုယ့်သူငယ်ချင်းတွေက အဲ့ဒီလို ဂုဏ်နဲ့ဒြဗ်နဲ့ရယ်။
ဦးနန်ကို ကြည့်လိုက်ရင် လူသာမမြင်ရချင်နေမယ်။ ပါးစပ်ထဲက ကွမ်းပလုပ်ပလောင်းကိုတော့ တန်းမြင်နိုင်တယ်။ အသားညိုညို ဒေါင်ကောင်းကောင်းနဲ့ ဟိုး အထက်ပိုင်း ပင်လည်ဘူးနယ်ဘက်က ဝမ်းဘဲအင်းသား။ စကားပြောရင် " ရော်! အေးပါညယ့်" တော်စေတော့ မောင့်! မလုပ်ချေနဲ့ညယ့်"ဆိုတဲ့အသံတေတစ်မျိုးနားထောင်ကောင်းနေရောပဲ။သူ့ကြည့်လိုက်ရင် အမြဲတမ်းလိုလို တွေးတော ကြံစည်နေတတ်ပြီး စကားပြောရင် တစ်လုံးနဲ့တစ်လုံးကြား ၁၀ မိနစ်လောက်ခြားတယ်။
သူ့ဝါသနာက များများစားစားမရှိဘူးရယ်။ စာသင်မယ်၊ စာချမယ် ဒါပဲ။ သူသင်ရမယ့်ကျောင်းသားတွေ ဘယ်လို အဆင်ပြေပြေလွယ်လွယ်ကူကူသင်ယူနိုင်မလဲဆိုတာတွေပဲ ခေါင်းထဲရှိနေဟန်တူပါရဲ့။
ကိုယ်တွေကများ 'ဦးနန်! ဟိုကိစ္စကို ဟိုလိုလုပ်လိုက်ရမလား'လို့ မေးမိရင် သူက 'အင်း'အရှည်ကြီးဆွဲပြီး ဘာမှဆက်မပြောသေးဘဲ ပါးစပ်ထဲက ကွမ်းကို 'ဗျစ်ဗလစ်' ဆိုပြီး အရင်ထွေးချလိုက်တယ်။ နောက် - ရေနွေးတစ်ခွက်လောက်နဲ့ ပလုပ်ကျင်းပြီး အောက်က ထွေးပုံး(ထွေးခံမဟုတ်-UPGဆေးပုံးအငယ်စားလေးကို ကွမ်းထွေးဖို့လုပ်ထားတဲ့ ထွေးပုံး)ထဲကို ဗွက်ဆို ထွေးချလိုက်တယ်။ ပြီးမှ ခဏစဉ်းစားသလိုလုပ်ပြီး စကားအရှည်ကြီးနဲ့ ဆုံးဖြတ်ချက်ပေးတတ်တယ်။ 'လုပ်လိုက်လေ'တဲ့။ ပြီးရော။
ကိုယ်တို့အဖွဲ့ထဲမှာ ထူးခြားတဲ့တစ်ပါးရှိသေးတယ်။ သူကတော့ 'ဦးဝိဇ္ဇာနန္ဒ' Vijja Nanda တဲ့။ သူ့ကိုယ်သူတော့ 'မောင်ဗေဒါ'လို့ ပြောတာပဲ။ ကိုယ်တွေထဲက တစ်ချို့ကတော့ 'ဝိတ်ဂျာ'လို့ ခေါ်ကြတယ်။ အင်္ဂလိပ်စာသင်တန်းမှာတုန်းက သူရှေ့ထွက်ပြောတဲ့အခါ 'မိုက်နိမ်း အစ် ဝိတ်ဂျာနန္ဒ၊ ယူ ခန် ခေါ် မီ ဝိတ်ဂျာ'လို့ သူ့ကိုယ်သူမိတ်ဆက်ရာကနေ ဝိတ်ဂျာဖြစ်လာတယ်ပဲပြောပါတော့။
သူက မန္တလေးသာသနာ့တက္ကသိုလ်မှာ M.A တန်းတက်နေတာ။ မျက်နှာဝိုင်းဝိုင်းပြားပြား၊ အကောင်က သေးသေး၊ မျက်မှန်ကလေး မ,ကာ ပင့်ကာနဲ့ ဘိတ်သားဆိုတော့ စကားပြောရင် ဝဲတဲဝဲတဲ။ သူ့ကို 'ထူးခြားတယ်'လို့ ပြောတာက ဘာသာစကားတွေနဲ့ ပတ်သက်ရင် တအားရူးတာပဲ။ အင်္ဂလိပ်ဘာသာစကားကို သူဒိုးဒိုးဒေါက်ဒေါက်ပြောနိုင်ဆိုနိုင်ရုံမကဘူး၊ ရှမ်း၊ ပအို့ဝ်၊ တရုတ်၊ ဂျပန်၊ ပြင်သစ်၊ ဂျာမန် စတာတွေကိုလည်း နည်းနည်းစီနှမ်းဖြူးတတ်သေးတယ်။
ရှမ်းနဲ့တွေ့ရင် ရှမ်းလို ကွိစိကွစ၊ ပအို့ဝ်နဲ့ တွေ့တော့လည်း ပအို့ဝ်လို ရွှိတိရွှတနဲ့ ရွှီးရဲ ရွှမ်းရဲတယ်။ မှန်တာ မမှန်တာ နောက်ထား၊ တစ်ဖက်ကလူကတော့ သူနဲ့စကားပြောမိရင် မျက်ခုံးပင့်မိတာတော့ အသေချာပဲ။ နောက်ထပ်ထူးခြားတဲ့တစ်ချက်က အင်မတန် အာဝဇ္ဇန်းကောင်းတယ်။ ဘယ်လောက်အထိကောင်းလဲဆို ကိုယ်ကတော့ " သွားစို့ တစ်နာရီ၊ သွားပြီ နာရီဝက်"လို့ ဆိုရိုးပြုထားလိုက်တယ်။
သူနဲ့စကားပြောမိလို့ စကားစ,ဖြတ်ချင်ရင် ကိုယ်ပြန်ချင်တဲ့အချိန်ထက် နာရီဝက်-တစ်နာရီလောက်က ကြိုပြီး'သွားကြစို့'လို့ ပြောထားရတယ်။ ဒါမှ ကိုယ်ပြန်မယ့်အချိန်နဲ့ ကွက်တိကျတာ။ သူက ခွဲခါခွါခါနီးနှုတ်ဆက်တယ်ဆိုရင်ပဲ အနည်းဆုံး နာရီဝက်လောက်ကြာတတ်တာကိုး။ စာဖတ်နာတော့ ပြောစရာများများရှိတာ ထင်ပါရဲ့။
နောက်တစ်ယောက်ကတော့ 'ဦးဆန္ဒာဓိက' အရှင် ဆန္ဒာဓိကာလင်္ကာရ တဲ့။ သူ့ကိုယ်သူတော့ မမောနိုင် မပန်းနိုင် 'အရှင်ဆန္ဒာဓိကာလင်္ကာရ'လို့ ပြောလေ့ရှိတာပေါ့လေ။ ကိုယ်တွေကတော့ ခေါ်ပေါင်-မောလို့။ 'မောင်ဆန်'ပဲ။
သူလည်း ပညာတတ်ကလေးပဲ။ မျက်နှာပေးက ခပ်ရွှင်ရွှင်ရယ်။
အသားခပ်ဖြူဖြူ၊ မျက်ခုံးမွှေးကောင်းကောင်း၊ မျက်လုံးပြဲပြဲနဲ့မို့ အချို့ကတော့ 'ဦးဇင်းအောင်ရဲလင်း'လို့ ခေါ်ကြသလို အချို့ကတော့ 'ဦးဇင်းမိုးအောင်ရင်'တဲ့။ (ကိုယ်လည်းစဉ်းတော့ စဉ်းစားတယ်၊ မိုးအောင်ရင်နဲ့တူရအောင် ဒီကောင်က ဆေးမှုနဲ့လည်း ထောင်မကျဖူးပါဘူးလို့ :-p :-p )။ နောင်ကြီးဦးဝိကတော့ 'ရွှေဘ'တဲ့။ ကိုယ်တို့ကတော့ လွယ်လွယ်ပဲ။ သူ့ရဲ့ထင်ရှားတဲ့ အလှအပကို အစွဲပြုပြီးခေါ်လိုက်တော့တယ်။ 'ဦးပြူး'။ များသောအားဖြင့်ခေါ်မိတာကတော့ မောင်ဆန်/ငဆန်ပေါ့။
သူလည်း စာသင်တာဝါသနာပါတယ်။ သူတို့နဲ့ကိုယ်နဲ့ ဟိုနယ်သည်နယ်တွေသွားပြီး သင်တန်းတွေ လိုက်သင်ပေးကြတာ။ သူက ကွန်ပျူတာလည်း ကျွမ်းတယ်။ အဲ့ဒီထက် ပိုကျွမ်းတာက ဖေ့စ်ဘွတ်သုံးတာ။ :-D :-D ဘယ်လောက်တောင် ကျွမ်းလဲဆို တက်ဘလက်က တစ်လုံး၊ ကွန်ပျူတာက တစ်လုံး၊ ဖုန်းက တစ်လုံးနဲ့ သုံးခုစလုံးကို တပြိုက်နက်တည်း အသုံးပြုနိုင်တယ်ဆိုရင် ခင်ဗျားတို့ယုံမှာမဟုတ်ဘူးရယ်။ ဒါပေမယ့် အဲ့ဒါတကယ်။
ဒီကောင့်ရဲ့ ထူးခြားချက်က သူသိချင်တာ တစ်ခုခုဆို စစ်စစ်ပေါက်ပေါက် မေးတတ်တယ်။ သူစိတ်ကျေနပ်လောက်တဲ့ အဖြေမရမချင်း အထောက်အထားအမျိုးမျိုးနဲ့ မမောမပန်းနိုင်း ငြင်းတာပဲ။ ပြီးရင် 'တပည့်တော်က ငြင်းတာမဟုတ်ဘူးနော်၊ ဆွေးနွေးတာ'လို့လည်း ထည့်ထည့်ပြောသေးတာ။
တစ်ခါတလေ သူနဲ့ ကိုယ်က တစ်ဖက်၊ နောင်တော်ကြီးဦးဝိမလက တစ်ဖက် ငြင်းကြတာ အဲလေ ဆွေးနွေးကြတာများဆို နှစ်နာရီ-သုံးနာရီကြာတယ်။ သူတို့(ဦးဝိမလနဲ့ မောင်ဆန်)က လင်္ကာရဘွဲ့ရသမားတွေ၊ ပိဋကတ်စာပိုမြင် ပိုကျေတဲ့သူတွေဆိုတော့ တစ်ခါတစ်ခါဆို ခပ်ညံ့ညံ့ကိုယ်တွေက ဘေးကနေ ပါးစပ်ဟနေရမယ်ထင်သလား။ အဲ့ဒီလိုတော့ ဘယ်အဖြစ်ခံလိမ့်မလဲ။ စားစရာရှိသာ ခွစားခွဲပစ်ပြီး၊ သောက်စရာရှိတာ ပိတ်သောက်ခွဲပစ်သာ။ သူတို့လည်း ငြင်းပြီးရော စားစရာလည်း ကုန်ရောပဲ။ အဲ့ဒီလို ကျွမ်းသာ စကေးတွေက။ :-P :-p :-p
နောက်ထပ်ကျန်သေးတယ်။ မောင်ပန်လို့ ခေါ်တဲ့ ဦးပဏ္ဍဝ  Shwemyittar Shin မောင်ခေလို့ခေါ်တဲ့ ဦးခေမာဝရ Ashin Khe Ashinkhe Mar Wara တို့၊ မောင်ကုလို့ခေါ်တဲ့ ဦးကုသလ( Kusala Myanmar ) တို့၊ ဦးဇင်းပသိုင်းလို့ခေါ်တဲ့ မောင်ခေမိန်တို့ အကြောင်းတွေ။ အခု ပြောတာနည်းနည်းများနေပြီမို့ သူတို့အကြောင်းကို နောက်မှ ဆက်ပြောမယ် သလား။
အဲ--အခု ကိုယ့်သူငယ်ချင်းတွေအကြောင်းကိုဖတ်ပြီး ခင်ဗျားတို့လည်း သူတို့ကို ပြန်သွားပြောမနေကြနဲ့ဦး။ တော်ကြာ ကျုပ်ကို လာဆဲနေကြဦးမယ်။ သူတို့မသိအောင် Tag တွဲလွှတ်လိုက်မယ် ကောင်းဘူးလား။
အိမ်း--- အဆဲခံရမယ့် နိမိတ်တွေမြင်နေတယ်။ ဒီညတော့ အိပ်မက်ကောင်းအောင် ကြာကြာဘုရားရှိခိုးအိပ်မှပဲ။ ကိုယ့်ရဲ့ ချစ်လှစွာသော သူငယ်ချင်းကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေဗျာ။
:-D :-D :-D :-D :-D :-D :-D
သင်တို့ရဲ့ချစ်လှစွာသော
အရှင်ကောသလ္လ(ရေဦး)
၅၊ ၇၊ ၂၀၁၈။
ရောင်စုံအောက်က အဖြူထည်နှလုံးသားလေးများ
ရောင်စုံအောက်က အဖြူထည်နှလုံးသားလေးများ
================================
Crd -လင်းရောင်စင်(ဇီးကုန်း)
B.A(History )၊ ပြည်တက္ကသိုလ်
ကားပေါ်ကဆင်းလိုက်တာနဲ့  ကျွန်မသေချင်စိတ်တောင် ပေါက်သွားမိတယ်။ ဒီမြို့ကို ကျွန်မထပ်မလာ တော့ဘူးလို့  ဆုံးဖြတ်ခဲ့တာ။  ဒါပေမယ့်  မသွားချင်လည်း သွားရတော့မှာပါပဲ။ ကျွန်မ ပြန်လာဖို့ဆုံးဖြတ်ချက်ချခဲ့ ပြီးပြီပဲ။ တွေဝေမနေသင့်တော့ပါဘူး။ ဒါ ကျွန်မရွေးချယ် ခဲ့တဲ့ လမ်းပဲလေ။
ကျွန်မ ဒီမြို့ကိုစလာတဲ့နေ့တုန်းကဆို သိပ်ပျော်ခဲ့ရ တာ။ အဖေနဲ့အမေတို့ရဲ့ဆန္ဒကိုဆန့်ကျင်ပြီး ကျောင်းဆရာမ ဘဝကို  ကျွန်မရွေးချယ်ခဲ့ရတာပါ။  ဒါပေမယ့်  ဒီမြို့နဲ့ တစ်ဆယ့်နှစ်မိုင်လောက်ဝေးတဲ့နေရာကို တာဝန်နဲ့ စသွား ရတဲ့နေ့ကတော့ ကျွန်မကိုယ်ကျွန်မ သတ်သေချင်လောက် အောင်ကို ဖြစ်သွားခဲ့တဲ့နေ့ပါပဲ။ ကျောင်းဆရာမဆိုတာ အဖြူအစိမ်းကို ကြွရွနေအောင်ဝတ်ပြီး ထိုင်ခုံပေါ်မှာ ရွရွလေးစာသင်ရတာပဲ ကျွန်မဘဝတစ်လျှောက် မြင်ခဲ့ဖူး တာ။ ခုလိုမျိုးအနေအထားကို ကျွန်မတစ်ခါမှမတွေးဖူးဘူး။
ကျွန်မ ကျောင်းနှစ်ရက်ပိတ်တာကိုတောင် မအောင့် အည်းနိုင်ဘဲ အိမ်ကိုနှစ်လပဲရှိသေး ပြန်ခဲ့လိုက်တယ်။ ရွာက လူတွေကတော့ ဒီဆရာမလေးလည်း ပြန်လာတော့မှာ မဟုတ်လောက်ပါဘူးတဲ့။ ကျွန်မ ဘာမှမပြောဘူး။ ပြုံးရုံပဲ ပြုံးပြခဲ့လိုက်တယ်။ ကျောင်းအုပ်ဆရာကြီးကတော့ မျက်နှာ မကောင်းရှာဘူး။ ကျွန်မနဲ့ ဒီရွာဘယ်တော့မှ ကိုက်ညီ လာမှာလည်း မဟုတ်ပါဘူး။ ခေတ်ပညာကို အမီလိုက်နေ တဲ့ ခေတ်မှာ အရာရာနောက်ကျနေတဲ့ ဒီရွာ၊ ဒီလူ၊ ဒီကလေးတွေနဲ့ ကျွန်မဆက်မနေနိုင်ဘူး။ ကျွန်မအဖေ သဘောကျတဲ့  ကုမ္ပဏီအလုပ်ပဲဝင်လုပ်တော့မယ်လို့ ဆုံးဖြတ်ပြီးပြန်ခဲ့လိုက်တာ။ ဝါသနာဆိုတာ တကယ်တော့ စိတ်ကူးပါပဲ။ ကျွန်မဝါသနာကို လျစ်လျူရှုဖို့ဆုံးဖြတ်ခဲ့လိုက် တယ်။ အင်း...ခုတော့ ကျွန်မဝါသနာကိုမစွန့်နိုင်လို့ အဇ္ဈတ္တတိုက်ပွဲတွေဖြစ်ရင်း ပြန်ရောက်လာခဲ့ပြန်ပြီလေ။
ကျွန်မစာသင်ချိန်စတာ နာရီဝက်ကျော်နေပြီ။ ခုထိ ဟိုကလေးနှစ်ယောက် ရောက်မလာသေးဘူး။ ကျွန်မ စိတ်ကုန်မိတယ်။ စာသင်ရတဲ့ဆရာမ မဟုတ်တော့ဘူး။ ကျွန်မ ဒီရွာမှာ ကလေးလာထိန်းပေးနေရသလိုပဲ။ လာချင်တဲ့ အချိန် လာကြတယ်။ ပြန်ချင်တဲ့အချိန် ခွင့်မတောင်းဘဲ ပြန်ချင်ပြန်သွားကြတာ။
ခုတော့ ကျွန်မက သူတို့လာမယ့်အချိန်ကိုစောင့်ပြီး စာသင်နေရတယ်။ ဘယ်လောက်များ စိတ်ကသိကအောက် ဖြစ်လိုက်လဲမပြောနဲ့။  ကျွန်မတို့မြို့ပြသာဆို   ခုချိန် ခြေထောက်တင်ပျဉ်ချိတ်ပြီး အကျော့သားစာသင်ရုံပဲ။
လာပါပြီ  နောက်ဆုံးတစ်ယောက်။   သူကတော့ အမြဲတမ်းနောက်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို လက်လွှတ်ခံတာ မဟုတ်ဘူး။ ဘယ်တော့မှ စောရောက်လေ့မရှိဘူး။ကျွန်မ မေးတိုင်းလည်း သူနောက်ကျတဲ့အကြောင်းရင်းကို ဘယ် တော့မှ မပြောဘူး။ ကျွန်မကလည်း တစ်ခါနှစ်ခါမေးလို့ မရကတည်းက ဘယ်တော့မှ အောက်ကျခံမမေးတော့ ဘူး။ သူ့ကို  အနားလည်းအကပ်မခံနိုင်ဘူး။  သူ့ဆီက ကလေးနို့နံ့ဆိုတာ အန်ထွက်ချင်လောက်အောင်နံတာ။ အဝတ်အစားကလည်း အမြဲပေကျံနေတာ။ စစ်ဆေးရေး ရှိလို့  အဖြူအစိမ်းဝတ်ခိုင်းရင်လည်း ကာလာစုံအစုတ်နဲ့ ပဲ။ ကျွန်မ သူ့အနား ဘယ်တော့မှမကပ်ချင်ဘူး။ စာလာ ပြရင်လည်း ကျွန်မ အဝေးကပဲပြခိုင်းတယ်။ နောက်ကျတော့ သူလည်း  အလိုက်သိတယ်ပဲပြောရမှာပဲ။ စာလာပြရင် စာအုပ်ကလေး လက်ကလေးနှစ်ဖက်နဲ့ပေးပြီး အဝေးကနေ လက်ကလေး ပိုက်ရပ်နေတော့တာ။ သူကတော့ ကျွန်မ အမုန်းဆုံးကလေးထဲမှာ ထိပ်ဆုံးကပဲ။
သူ့မှာ ကောင်းတာ  တစ်ခုတော့ရှိ တယ်။ လွယ်အိတ်က စုတ်ပေညစ်ပတ်သလောက် စာအုပ် ကလေးတွေကို ဖွေးနေအောင်ထား တာပဲ။ သပ်သပ်ရပ်ရပ်ကိုင်တယ်။
သူ့နာမည်က  ဖိုးငိုတဲ့။  ဒါပေမယ့် နာမည်နဲ့လူနဲ့  တခြားစီပါ။  ကျောင်း နောက်ကျလို့ရိုက်တိုင်း ဘယ်တော့မှမမဲ့ ဘူး။ ပြုံးမြဲပဲ။ နင် အဲဒီလောက် ကျောင်း နောက်ကျရင်  ကျောင်းတက်မနေနဲ့ တော့လို့ ကျွန်မတစ်ခါပြောဖူးတယ်။ အောင်မယ်     ကိုယ်တော်လေးက  ဘာပြောတယ်မှတ်တုန်း။ သူ စာလိုက် နိုင်အောင် ကြိုးစားပါ့မယ်တဲ့။ ကျောင်း နောက်ကျတာတော့ ဆရာမ   အပြစ် ပေးသမျှ ခံပါ့မယ်တဲ့။ ကျောင်းတော့ မထွက်ခိုင်းပါနဲ့နော်တဲ့။ ဒါဆို ဒင်းက ကျွန်မရိုက်လည်း   နောက်ကျမှာ ပဲဆိုတဲ့ သဘောပေါ့။  ရမလား။ ကျွန်မကိုလည်း သွေးတိုးလာမစမ်း နဲ့။ ကျွန်မလည်း နောက်ကျတိုင်း ရိုက်ပေးလိုက်တယ်။ မငိုပါဘူးတော်။ ပေမြဲပဲ။
တစ်ခါတစ်ခါ တစ်နှစ်ခွဲလောက်ရှိတဲ့ကလေးလေး စာသင်ခန်းထဲခေါ်လာသေးတာ။ အဲဒီကလေးပါလာတဲ့နေ့ဆို ကျွန်မ သူ့ကိုစာသင်ခန်းထဲအဝင်မခံဘူး။ နှစ်ယောက် စလုံး  အပြင်ကော်ရစ်တာမှာ  ထွက်နေခိုင်းလိုက်တယ်။ သူတစ်ယောက်အတွက်နဲ့ ကျန်တဲ့ကလေးတွေ စာသင်ရတာ အနှောင့်အယှက်အဖြစ်မခံနိုင်ဘူး။
အဲဒီလိုကျတော့လည်း စာသင်ခန်းလေးထဲ မျက်လုံးကလည်ကလည်နဲ့ ချောင်းကြည့်တော့ သနားမိပြန်ရော။
ကျွန်မ သူ့ကို မာန်သလိုနဲ့ ပြောကြည့်ဖူးသေးတယ်။အဝတ်အစားတွေ ဘာလို့လျှော်မဝတ်တာလဲလို့ဆိုတော့ လျှော်ပါတယ်တဲ့လေ။ ကျွန်မစိတ်ညစ်မိတယ်။ ဒီလောက် စုတ်ပြတ်နေတာကို တခုတ်တရဝတ်တုန်းပဲ။ အဲဒီကလေး နောက်နှစ်  ကျွန်မအတန်းကလွတ်ပြီး  နောက်အတန်း ရောက်သွားဖို့ပဲ ဆုတောင်းမိတယ်။
ဒီနေ့ရွာထဲမှာ  ကျွန်မအတန်းက  ကလေးမလေး တစ်ယောက်ရဲ့မွေးနေ့ရှိလို့ ကျွန်မတို့ထွက်ခဲ့လိုက်တယ်။လေးတန်းကဆရာမတစ်ယောက်က အတင်းခေါ်ခဲ့လို့သာ လိုက်ခဲ့ရတာ။ ဖုန်မှုန့်တွေထူပြောလှတဲ့လမ်းထဲ ကျွန်မ မလိုက်ချင်ဘူး။ ကျောင်းချိန်စဖို့လည်း လိုသေးတယ်ဆိုတော့ အားနာနာနဲ့လိုက်ခဲ့လိုက်ရတယ်။
ကျွန်မတို့လမ်းလျှောက်လာရင်း အိမ်တစ်အိမ်ရှေ့ အရောက်ကလေးတစ်ယောက်ကိုကျောမှာပိုးပြီး နွားမ တစ်ကောင်ကိုရေတိုက်နေတဲ့ ကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သာမန်ဆို ကျွန်မကြည့်ဖြစ်မှာ မဟုတ် ဘူး။ အဖြူအင်္ကျီလေးကိုတမမနဲ့မို့ လိုက်ငေးကြည့်မိလိုက် တာ။ ကျွန်မအတန်းက ဖိုးငိုဖြစ်နေပါလား။ ကျွန်မဘေးက ရွာခံဆရာမကိုမေးကြည့်လိုက်မိတယ်။ ကျွန်မ တစ်ခါမှ တော့ ရွာကကလေးတွေရဲ့ မိသားစုအကြောင်းတွေ မေး လေ့မရှိဘူး။ အဲဒါကလည်း ကျွန်မက မစပ်စုတတ်တာမို့ပါ။
ရွာခံဆရာမပြောပြမှ ကျွန်မ ဖိုးငိုအကြောင်း သိလိုက်ရပါတယ်။  အဖမဲ့  သုံးတန်းအရွယ်ကျောင်းသားလေး။ သုံးလသားအရွယ်ကလေးနဲ့   ယောက်ျားဆုံးပါးသွားလို့ ဘဝကိုရုန်းကန်နေရတဲ့ မိခင်မုဆိုးမကို ကူညီနေရတဲ့သူ။ နွားမလေးမွေးဖက်ယူပြီး  တစ်ဖက်ရွာ   အထက်တန်း ကျောင်းကို ငါးတန်းသွားတက်နိုင်ဖို့ ကြိုးစားနေရသူတဲ့။ ကျွန်မ မှားခဲ့ပြီလား။
သူရဲ့   နို့နံ့ထွက်နေတဲ့အင်္ကျီတွေ၊ ညစ်ပေနေတဲ့   အဝတ်အစားတွေ၊  ကျောင်းနောက်ကျရတဲ့အကြောင်းတွေ၊ ကျောင်းကို တစ်ခါတစ်ခါ တိုးလိုးတွဲလဲ ပါလာတဲ့ ကလေးငယ်လေး။ အို...ကျွန်မ ဆက်မတွေးရဲတော့ဘူး။
အရာရာကို  တန်းတူအမြင်နဲ့ တစ်ပြေးတည်း ကြည့်တတ်တဲ့  ကျွန်မ။ အရာအားလုံးကို ပုံစံခွက်တစ်ခုတည်းပဲ ထည့်ထည့်ပြီးရှုမြင်တတ်တဲ့ ကျွန်မ။ လောကရဲ့ အမှန်တရားတွေကို မြင် လာရတော့ တုန်လှုပ်သွားမိတယ်။ ကျွန်မ ကျောင်းကိုသာ ပြန်ရောက် လာခဲ့တယ်။  အတွေးထဲတော့   ဖိုးငိုအကြောင်းသာ   နေရာအနှံ့ပါ ပဲ။ ကျွန်မကိုယ်ကျွန်မ ဆရာမ တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ခံယူ ထားခဲ့မိတာ   ရှက်မိတယ်။ ကျွန်မ ဆရာမ မပီသသေးပါ ဘူး။ အာစရိယဂုဏောထဲ ကျွန်မဘောင်မဝင်သေးပါဘူး။  ကျွန်မကိုယ်ကျွန်မ ပြုပြင်ရပါတော့မယ်။
နွေရာသီကျောင်းပိတ်ရက်တောင် ရောက်ပါတော့ မယ်။  နွေရာသီကျောင်းပိတ်ရက်မှာ  ကလေးတွေနဲ့ ဒီ ကျောင်းလေးကိုခွဲပြီး အိမ်ပြန်ဖို့ နောက်ဆံတင်းနေမိတယ်။ အထူးသဖြင့် ဖိုးငိုလေးကိုသနားစိတ်နဲ့ ဂရုတစိုက် ကျွန်မပိုစောင့်ကြည့်ဖြစ်လာတယ်။ ကျောင်းမလာနိုင်ရင် ကျွန်မ လူလွှတ်ခေါ်မိတယ်။
ခုလည်း နောက်ဆုံးအတန်းတင်စာမေးပွဲရက်ကို ဖိုးငို ကျောင်းနောက်ကျနေပြန်တယ်။ ကျွန်မ ဒီတစ်ခါ ကလေး တွေ မလွှတ်မိတော့ဘူး။ ရွာထဲကို သိပ်သွားလေ့မရှိတဲ့ ကျွန်မကိုယ်တိုင် လိုက်သွားခဲ့မိတယ်။ ဟိုရောက်တော့ ခပ်နွမ်းနွမ်းအဖြူအင်္ကျီလေးနဲ့   ဖိုးငိုတစ်ယောက်  ငိုနေ တယ်။ လက်ထဲမှာလည်း အသားတွေပူချစ်နေတဲ့ တစ်နှစ်ခွဲ ကျော် ကလေး။ သူ့အမေ ဈေးရောင်းသွားတယ်တဲ့။ကျွန်မ ဘာတွေလုပ်ရမှန်းမသိအောင် ပူထူသွားမိတယ်။ ကလေး ကို ပွေ့ပြီး ရွာရဲ့သားဖွားသူနာပြုဆရာမလေးဆီသာ ဖိုးငို လေးကိုခေါ်ပြီး ပြေးခဲ့မိတယ်။ ကလေးသက်သာပြီဆိုမှ ကျွန်မဖိုးငိုလေးကို သေချာမှာပြီး ကျောင်းကိုပြန်ခဲ့တယ်။ကျွန်မရင်ထဲမှာတော့   ကိုယ်ကူညီလိုက်ရလို့    ကိုယ့် ကျောင်းသားလေး စိတ်ချမ်းသာသွားရတဲ့ ပီတိလေးကို တနုံ့နုံ့နဲ့ ကြည်နူးနေမိတယ်။
ကျောင်းဝင်းလေးထဲမှာ ဆူညံအော်ဟစ်ပြီး ပျော်ရွှင် နေကြတယ်။ ကလေးတွေမျက်နှာပေါ်မှာ အပြုံးရိပ်တွေ ကိုယ်စီနဲ့။ ကျွန်မရင်ထဲမှာတော့ နွေဦးရဲ့လေရူးတွေနဲ့အတူ စိတ်လေရူးတွေ တသုန်သုန်တိုက်ခတ်နေပါတယ်။ ကန်တော့ ခံမယ့် ဆရာ ဆရာမတွေ စုံလင်နေသလို ကျောင်းသား တွေလည်း စုံလင်လို့နေပါတယ်။ ဖိုးငိုလေး စာမေးပွဲပြီး တဲ့ မနေ့ညနေကတည်းက တန်းပျောက်သွားတာ။ ခုထိ ပေါ်မလာသေးပါဘူး။   အိမ်အလုပ်တွေများ   ကူနေရ သလား။ ကျွန်မ ဒီနေ့ကန်တော့ခံပြီး တန်းပြန်မှာ ဖိုးငိုလေး   သိလောက်မှာပါ။ ကျွန်မ ဒီတစ်ခါပြန်ရင် အပြောင်းအရွှေ့ နဲ့အတူ ပြန်လာချင်မှလည်း ကျွန်မပြန်လာရတော့မှာပါ။ ကျွန်မ သူ့ကို အားပေးစကားတွေ ပြောသွားချင်သေးတယ်။ သူ့အတွက် ကျောင်းစရိတ်ကို ဆယ်တန်းအောင်တဲ့အထိ ထောက်ပံ့ပေးမယ်ဆိုတာလည်း ဝမ်းသာအားရပြောပြခဲ့ ချင်သေးတယ်။
ဆရာကန်တော့ပွဲနဲ့   နှုတ်ဆက်ပွဲလေးသာ  ပြီးသွားတယ်။ ဖိုးငိုလေး ပေါ်မလာခဲ့ပါဘူး။ နှုတ်ဆက်ကြတဲ့ ကျွန်မ အတန်းက ကလေးတွေက ကန်တော့ရင်း မျက်ရည်တွေ ကျလို့။ ကျွန်မကတော့ ငိုနေမိတယ်။ ကျွန်မ ကန်တော့ခံ ဆရာမတစ်ယောက်နေရာရောက်တဲ့အခါ    ဆရာမ တစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေ ပိုသိလာရတယ်။နာသုံးနာကိုလည်း   တဖြည်းဖြည်းပိုနားလည်လာတယ်။ကျွန်မ ဒီကလေးတွေကို ပညာတတ်ကြီးတွေဖြစ်စေချင် တယ်။ ကျွန်မ ဒီလိုရွာလေးက ကလေးတွေကို ပညာတတ် တွေအဖြစ်   မွေးထုတ်ပေးပြီး   အသိဉာဏ်တွေဖွံ့ဖြိုး၊ အဘက်ဘက်က ဖွံ့ဖြိုးစေချင်မိတယ်။
ကျောင်းရှေ့ကိုထွက်ပြီး လှည်းလေးပေါ်တက်ခါနီး တော့ ရွာလမ်းမဆီ ငေးကြည့်မိတယ်။  ဖိုးငိုလေးများ ရောက်လာမလားလို့ပါ။ အရိပ်အယောင်တောင် မတွေ့ရ ပါဘူး။
အထုပ်တွေတင်ပြီး   လှည်းလေးပေါ်တက်လိုက်မှ နောက်ကျောဆီကနေ ဆရာမလေးဆိုတဲ့အသံလေး ပေါ်လာလို့ ကျွန်မ လည်ပြန်ကြည့်လိုက်မိတယ်။  ဖိုးငိုလေးတို့ သားမိဖြစ်နေပါလား။ သူ့အမေက ခေါင်းပေါ်မှာ အထုပ် ကလေးတစ်ထုပ်ကို ရွက်လိုက်လို့။ ဖိုးငိုကတော့ ပလတ် စတစ်အိတ်ကလေးနဲ့ထုပ်ထားတဲ့ အထုပ်ကလေး ရင်ဝယ် ပိုက်လိုက်လို့ သားမိနှစ်ယောက်ပြေးလာကြတယ်။ သူတို့ သားအမိတွေ ကျွန်မကို မမီတော့ဘူးတောင်ထင်တာတဲ့။ဆရာမအတွက်ဆိုပြီး အထုပ်ကလေးတွေလှမ်းပေးကြတယ်။ ဖိုးငိုအမေလက်ထဲမှာက ကုလားပဲ အဖြူ၊ အနီရောနေတဲ့ အထုပ်ကလေး။   ဖိုးငိုလက်ထဲက  သခွတ်ရိုးခြောက် လှန်းပြီးသားလေးတွေ။ သူတို့သားမိနှစ်ယောက် မနေ့က ညနေနဲ့  ခုမနက်  လယ်ထဲသွားပြီး   ကျွန်မအတွက်ပဲ ကောက်သင်းအမီလိုက်ကောက်ထားခဲ့တာတဲ့။ ကျွန်မတို့ မြို့မှာမရှိတဲ့ တောထွက်အစားအစာမို့ ဆရာမလေးစား ဖို့တဲ့။
ကျွန်မကို  အထုပ်ကလေးတွေပေးတော့  သားမိ နှစ်ယောက် အဝေးကနေကမ်းပေးကြတယ်။ သား ရှေ့ တိုးပေးလေဆိုတော့မှ
''သားဆီက ကလေးနို့နံ့တွေနံတယ်။ ပြီးတော့ သား အင်္ကျီတွေကမဲနေတာ။ ဆရာမလေးဆီက အနံ့လေးမွှေး နေတာ။ အင်္ကျီကလည်း ဖွေးဖွေးလေး။ သားမကပ်ရဲဘူး။ဆရာမကို အနံ့တွေကူးကုန်မှာပေါ့''
''သားရယ်...''
ကျွန်မ ဘာမှဆက်မပြောနိုင်တော့ဘူး။ ကျွန်မ မျက်ရည်တွေသာ ကျနေမိတယ်။ ကျွန်မ လှည်းပေါ်က ဆင်းပြီး ဖိုးငိုလေးကိုရင်ခွင်ထဲသွင်းပြီး ဖက်ထားလိုက်တယ်။ ဖိုးငိုလေးလည်း မျက်ရည်တွေကျနေတယ်။
''ဆရာမလေး နောက်နှစ်လည်းပြန်လာခဲ့ပါနော်။သား နောက်နှစ်ဆို အင်္ကျီတွေပေအောင် မဝတ်တော့ပါဘူး။ညီလေးကလည်း နှစ်နှစ်ဖြစ်ပြီဆိုတော့ သား သိပ်မထိန်း ရတော့ဘူး။ သားညီလေးကို ကျောင်းလည်းခေါ်မလာတော့ ပါဘူး။ ဆရာမလေး ပြန်မလာဘဲမနေပါနဲ့နော်''
ကျွန်မတို့လှည်းလေးသာ ထွက်သွားတယ်။ ဖိုးငိုတို့ သားအမိလေးတွေက ကျွန်မမျက်ဝန်းထဲ စွဲထင်လိုက်ပါ လာဆဲပါပဲ။ ကျွန်မ အဖြူထည်ရပ်ဝန်းဆီကလာခဲ့တာပါ။ ဒါပေမဲ့ ကျွန်မ သဘာဝအဖြူကို မတွေခဲ့ဖူးပါဘူး။ ရောင်စုံတွေ လိမ်းချယ်ခံထားရတဲ့ဘဝတွေထဲမှာ တကယ့်အဖြူ စစ်စစ် နှလုံးသားတွေရှိတာ ကျွန်မ မသိခဲ့ပါဘူး။အပေါ်ယံ တွေကိုပဲ ကြည့်တတ်တဲ့လောကကြီးမှာ ကျွန်မ အပေါ်ယံ တွေရဲ့ သဘောသဘာဝကို အဖြူထည်နှလုံးသားလေးတွေ ဆီကနေ ကောင်းစွာသင်ခန်းစာရခဲ့ပါပြီ။
ဖြူစင်တဲ့စေတနာတွေလိမ်းကျံထားတဲ့ ဖိုးငိုတို့ ပေး လိုက်တဲ့ ပဲရောရာလေးနဲ့ သခွတ်ရိုးခြောက်တွေကိုလည်း ကျွန်မ ဘယ်တော့လွှင့်ပစ်ဖို့စိတ်ကူးမိမှာ မဟုတ်တော့ပါဘူး။
လှည်းလေးက  ဖုန်လုံးတွေကြားထဲ တညိမ့်ညိမ့်နဲ့ ရွေ့လျားသွားနေလိုက်တာ ကျွန်မတစ်ကိုယ်လုံးလည်း ဖုန်တလိမ်းလိမ်းနဲ့ မဲညစ်နေလို့။ ဒါပေမယ့် ကျွန်မပျော်နေတယ်။ အပေါ်ယံမဲညစ်နေတာတွေထက်  အတွင်းနှလုံးသားတွေ စင်ကြယ်သန့်ရှင်းဖို့က ပိုအရေးပါတယ် ဆိုတာ သိခဲ့လိုက်ရလို့ပါ။
ကျွန်မ   နာသုံးနာပြည့်စုံတဲ့ဆရာမအသွင်နဲ့   အဖြူထည် နှလုံးသားလေးတွေဆီ နောက်နှစ် ပြန်လာဖြစ်အောင် လာခဲ့မှာပါ။     ။
credit to လင်းရောင်စင်(ဇီးကုန်း)
Monday, July 9, 2018
အဋ္ဌမအကြိမ်ဘွဲ့ နှင်းသဘင် ကွန်ပျူတာ တက္ကသိုလ်ပုသိမ်
ဘာသာသွေးသစ် ယဉ်ကျေးလိမ္မာသင်တန်း ပြင်ခရိုင် ၂၀၁၇
သမ္မတနှင့်​ မူကြိုဆရာမ
* သမ္မတနှင့်​ မူကြိုဆရာမ *
=================
(ကြိုက်​လွန်းလို့ ပြန်​တင်​ပါတယ်​ ... )
အိပ်ခန်းထဲရှိ စလောင်းတီဗွီ၌
အင်တာဗျူး တစ်ခုလာနေသည်။
၎င်း အင်တာဗျူးကို....
စိတ်ဝင်တစားနားထောင်မိခဲ့သည်။
သဘောကျ မိပါသည်။
ယင်းအင်တာဗျူးတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ဦးကို မေးမြန်းခြင်းဖြစ်သည်။
ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။
" ဆရာမ တာဝန်ထမ်းတာ ကြာပြီလား "
" ၃နှစ်လောက်ရှိပြီ"
" ဘာတာဝန်ယူရလဲ "
" ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက် အမှန်အတိုင်း မိဘတွေသိဖို့ ၊ ကလေးတွေကိုယ်တိုင် သိဖို့ တာဝန်ကိုယူရတယ် "
" မူကြိုဆရာ အလုပ်ကိုဘာကြောင့်ရွေးချယ်ဖြစ်တာလဲ "
" နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေ ဖြစ်လာမဲ့ ကလေးငယ်တွေကို အသေအချာ လေ့လာခွင့် ထိတွေ့ခွင့်ရတဲ့ အလုပ်ဆိုတာ မူကြိုဆရာ မအလုပ်ပဲ ရှိတာလေ ဒါကြောင့်မူကြိုဆရာမ. အလုပ်ကို ကျွန်မရွေးချယ်တာ "
" ဒီထက်ပိုရှင်းပြလို့ရမလား "
" ကလေးဆိုတာ ချစ်စရာကောင်းတယ် အားကိုးစရာကောင်းတယ် ကြောက်စရာကောင်းတယ်ရှင့် "
" ဘာကြောင့်လဲ "
ရိုးသားလို့. ချစ်စရာကောင်းတာလေ ။ အနာဂတ်အတွက် ပညာတတ်တွေ ပညာရှင်တွေ ဖြစ်လာမှာမို့ အားကိုးစရာလည်းကောင်းတယ် "
"ဒါဖြစ်ရင် ဘာလို့ ကြောက်စရာ ကောင်းတာလဲ "
" ဒီကလေးတွေ ယဉ်ကျေး လိမ္မာခြင်းမရှိပဲ ကြီးလာခဲ့ရင် အားလုံးအတွက်ရန်သူဖြစ်နိုင်လို့ ပဲ ...အရှေ့တိုင်းစာပေမှာ အမွေခံသားသမီးဆိုးကို ရန်သူထဲမှာ ထည့်ထားတာဖတ်ဖူးတယ်။ ဒီတော့ကလေးဆိုတာ ကျွန်မတို့ပညာရေး ပေါ်လစီမှားရင် ရန်သူဖြစ်လာနိုင်တယ် ...ဒါကြောင့် ကြောက်တာ "
" ဟုတ်တယ်နော် ..ဆက်ပြောပါဦး "
" ကျွန်မ ဒါကြောင့် ဆရာမ အလုပ်ကို နှစ်သက်တာ ရောက်စတုန်းကတော့ စိတ်ညစ်တာပေါ့ရှင် မျောက်တွေ ကျားတွေ ထိန်းနေရတဲ့အတိုင်းပဲ။တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ချစ်စရာအမူအကျင့်တွေကြောင့် ချစ်တတ်လာတယ်။ဒီလိုပဲ ကိုယ့်ရဲ့တာဝန်ကို ကိုယ်ကိုယ်တိုင် ကျေနပ်လာတဲ့အတွက် ပျော်လာတယ်။ "
"ပညာရေးရဲ့ အဓိကရည်မှန်းချက်ကဘာလဲဗျ
ခင်ဗျားနားလည်သလို ပြောပြစမ်းပါ "
"ကျွန်မ အယူအဆကိုပြောပြမယ်နော်ပညာရေးရဲ့. အဓိက ရည်မှန်းချက် ဆိုတာ ဧကရာဇ် ဘုရင်ကြီးတွေ မွေးဖွားပေးဖို့ လည်းမဟုတ်ဘူး ။ မဟာသူဌေးမင်းကြီးတွေ ပေါ်ပေါက်လာဖို့လည်းမဟုတ်ဘူး ။
မဟာပညာကျော်ကြီးတွေ ဖြစ်လာဖို့လည်း မဟုတ်ဘူး ။ ပညာရေးရဲ့. အဓိက. ရည်မှန်းချက် က တိုင်းပြည်အနေနဲ့ပြောရမယ်ဆိုရင် နိုင်ငံသူ နိုင်ငံသား ကောင်းတွေ မွေးထုတ်ပေးဖို့ပဲ။
လူတွေကိုချစ်တတ်လာအောင်သင်ပေးဖို့ပဲ။ အိမ်တစ်အိမ်အနေနဲ့ ပြောရမယ်ဆိုရင် သားကောင်းသမီးကောင်း ၊ မိသားစုကောင်း ဖြစ်အောင် သင်ပေးခြင်းက. အဃြေံပညာရေးရဲ့ ရည်မှန်းချက် ပဲ "
" ခင်ဗျားဖြေတာတော်တော်ကောင်းတာပဲ...
ဆက်ပြီးမေးခွင့်ပြုပါ။ "
" ရပါတယ် "
" လစာဘယ်လောက်ရလဲ "
" ဒီမေးခွန်းတော့ မမေးသင့်ဘူးထင်တယ် "
" ဒီလိုပါ ...ဝန်ထမ်းတစ်ယောက်ဟာ လစာလုံလောက်စွာမရရင် အကျင့်ပျက်နိုင်တယ်။ အကျင့်ပျက်ဝန်ထမ်းဆိုတာ သူ့အလိုလို ဖြစ်လာတာမဟုတ်ဘူး။ ခေတ်အခြေအနေ လစာညီမျှမှုမရှိခြင်းဟာ အကျင့်ပျက်ဝန်ထမ်းကိုမွေးဖွားပေးတတ်တယ်။ ဒါကြောင့်မေးတာပါ။ "
" လစာကလုံလောက်ပါတယ် ။ ခံစားခွင့်တွေလည်း အပြည့်အဝပေးထားတယ်လေ ။ ဒီတော့ ကျမတို့ဘက်က ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စေတနာလည်းပါသင့်တယ် ။ ဝါသနာလည်းပါသင့်တယ်။ ကိုယ့်အလုပ်ကို
ကိုယ်တန်ဖိုးထားတတ်ဖို့ လည်းလိုတယ်။ ဒါမှ ဝန်ထမ်းကောင်းဖြစ်မှာရှင့် " ဆက်ပြီးမေးပါရစေ "
" ကောင်းပါပြီ ..မေးပါရှင် "
" ကလေးတွေဉာဏ်ရည်ဘယ်လိုနေသလဲ "
" ပြန်ပြီးမေးပါ ..မေးခွန်းကို နားမလည်လို့ပါ "
" ကလေးတွေက တော်သလား ညံ့သလား လို့ဆိုလိုတာပါ "
" ဒါဆိုရင် ရှင့်ကို မေးခွန်းတစ်ခု ပြန်မေးမယ် ...နှင်းဆီပန်းနဲ့ စပယ်ပန်း ဘယ်ပန်းကလှလဲ "
" ဘာဆိုင်လို့လဲ "
" ဖြေကြည့်ပါ "
" နှင်းဆီ ပန်းကလှတာပေါ့ "
" ကျွန်မမေးတာ နှင်းဆီ ပန်းနဲ့ စံပယ်ပန်း ဘယ်ပန်းပိုလှ သလဲလို့ မေးတာလေ "
" ဖြေပြီးပြီလေ နှင်းဆီပန်းက လှတယ်လို့ "
" ကျွန်မမေးတာ ဘယ်ပန်းကိုပိုကြိုက်သလဲ လို့ မေးတာမဟုတ်ဘူး ..ရှင်က ..ရှင်ကြိုက်တဲ့ နှင်းဆီ ပန်းကိုပဲ လှတယ်လို့ ပြောနေတယ်။ "
"ဟုတ်သားပဲ ကျုပ်ကနှင်းဆီပန်းကိုကြိုက်တာဗျ ဒါကြောင့် နှင်းဆီပန်းကို လှတယ် လို့ဖြေလိုက်မိတာပဲ "
" တကယ်တော့ နှင်းဆီပန်းလည်းလှသလို စပယ်ပန်းလည်း လှတာပါပဲရှင် ။ ကလေးတွေကို တော်သလားညံသလားဆိုတဲ့မေးခွန်းဟာ လူကြီးတွေ ဘယ်တော့မှ မမေးသင့်တဲ့ မေးခွန်းပဲ ။ သူ့အလှနဲ့သူ အားလုံး လှကြပါတယ်။ ကျမတို့လူကြီးတွေကသာ လူငယ်တွေကို တန်ဖိုးထားတတ်ကြဖို့ ပိုပြီးလိုအပ်တယ်။
ဘာပဲပြောပြော ကလေးတွေအားလုံး မညံ့ကြပါဘူး ။ သူတို့မှာ ကျွန်မတို့နဲ့ မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိတယ်။ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းဟာ တိုင်းပြည်တစ်ပြည်ရဲ့ သယံဇာတ တစ်ခုပါပဲရှင့်။
အဲဒီစိတ်ကူး စတ်သန်းတွေကို ဖျက်ဆီးမပစ်ဖို့ဘဲလိုတယ်။လူငယ်တွေရဲ့အိမ်မက်တွေကို တည်ဆောက်ပေးခြင်းဟာ နိုင်ငံတစ်ခုရဲ့တာဝန်ပဲရှင့် "
" ခင် ဗျားက ဆရာမလုပ်သက် အနည်းငယ်သာရှိပေမယ့် မေး ခွန်းတွေရဲ့ အဖြေကို စနစ်တကျပြောတတ်တယ်နော် "
" စာဖတ်လို့ပါ "
"ဘာစာတွေဖတ်လဲ "
" အစုံ ဖတ်တယ် အားရင် ကျွန်မစာဖတ်တယ် "
" ဒါနဲ့.မေးရအုံးမယ် အိုဘားမားကို နှစ်သက်လား "
" နှစ်သက်ခဲ့ပါတယ် "
" နောက်တစ်ကြိမ်အတွက် ထပ်ပြီးနှစ်သက်နိုင်ပါ ဦးမလား "
" ဒါကတော့ မပြောနိုင်ဘူးရှင့် သူ့အပြောနဲ့ သူ့အလုပ်ကို စောင့်ကြည့်ရမှာပဲ အပြောနဲ့ အလုပ်ညီရင်တော့ တစ်မျိုးပေါ့ အပြောတခြား အလုပ်တခြားဆိုရင်တော့လည်းတစ်မျိုးပေါ့လေ "
" သမ္မတ ကြီးနဲ့ ခင်ဗျားနဲ့ ဘယ်သူက တိုင်းပြည်အတွက်ပိုအရေးကြီးသလဲ "
"တိုင်းပြည်အတွက်ဆိုရင်တော့ သူရော၊ ကျွန်မရော ၊ ရှင်ရော ဒီနိုင်ငံမှာရှိတဲ့လူတွေအားလုံး အတူတူပဲ အရေးကြီးတယ။် ရှင့်မေးခွန်းက တစ်ခုခုလိုနေသလိုပဲ ။
ဒီနိုင်ငံမှာနေ ဒီမြေ ၊ ဒီရေ ၊ ဒီလေ နဲ့အသက်ရှင်ကြသူအချင်းချင်း အားလုံးအတွက် ...အားလုံး အရေးကြီးတယ်...အားလုံးအရေးပါတယ်။ အားလုံးကောင်းမှ အားလုံးကောင်းမယ် ။ တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ ကောင်းရုံနဲ့အားလုံးမကောင်းနိုင်ပါဘူး "
" all rightsကောင်းလိုက်တဲ့အဖြေဗျာ နောက်ဆုံးမေးခွန်းတစ်ခုမေးပါရစေ "
" သမ္မတ ကြီးနဲ့ ခင်ဗျား တိုင်းပြည်အတွက် ဘယ်သူက ပိုပြီးတာဝန်ရှိသလဲ "
" ဒါကလည်းရှင်းရှင်းလေးပါ ကျွန်မက ပိုပြီးတာဝန်ရှိတာပေါ့ "
တပည့်​များအတွက်​ ခွန်​အားဖြစ်​ပါ​စေ။
ဆရာ ဆရာမ များအား လေးစားလျှက်-
Credit #
Monday, July 2, 2018
နေခွင့်​ရှိသ​လောက်
နေခွင့်​ရှိသ​လောက်
_________________
ကိုယ့်​ ဝင်​သက်​​လေမှာ
ပါးတစ်​ဖက်​ မရှိခဲ့​ပေမယ့်
ကိုယ့်​ ထွက်​​သက်ေ​လဟာ
အများအတွက်​ ဖြစ်​​စေရမယ်​၊
ဘဝအနာဆိုတာ
နံရိုးကျိုးထားတဲ့လူလိုပါပဲ
ဘယ်​သူမှ မမြင်​ရ​ပေမယ့်
အသက်​ရှူတိုင်း နာ တယ်​၊
အထီးကျန်​တဲ့ အခါ
ဘယ်​သူနဲ့ စကား​ပြောလဲ လို့်​ ​မေးလာရင်
ဘယ်​သူနဲ့မှ မ​ပြောဘူး အိပ်​တယ်
ဘယ်​မှမသွားဘူး ငြိမ်​ငြိမ်​​လေး​နေတယ်​၊
အတိုက်​ခံရတဲ့ အခါ
ကျောက်​​ဆောင်​​တွေကို သတိရတယ်
ဖျက်​ဆီးခံရတဲ့ အခါ
ပန်း​တွေကို သတိရတယ်​၊
အားငယ်​မိတဲ့အခါ
တိမ်​​တွေကို ​မော်​ကြည့်​တယ်
အထီးကျန်​တဲ့အခါ
တိရိစ္ဆာန်​​တွေကို ပိုချစ်​တယ်​၊
ကမ္ဘာ​မြေကို ကယ်​တင်​ဖို့ 
စာဖတ်​မယ်
နိုင်​ငံ​တော်​ကို ချီး​မြှောက်​ဖို့
က​လေး​တွေကို စာသင်​မယ်​၊
ကောင်းကင်​နဲ့ မတန်​တဲ့ကြယ်​ဆိုတာ မရှိပါဘူး
ဟုတ်​တယ်​- ဒါ​ပေမယ့်
ကောင်းကင်​မှာ အမြဲ​နေခွင့်​မရှိတဲ့
အ​ကြွေ​စောတဲ့ ကြယ်​​တွေ​ ​တွေ့​နေရတယ်​။
#သကျငယ်
Sunday, July 1, 2018
တစ်ဦး နဲ့ တစ်ဦး
ဆုံတွေ့ပတ်သတ်ကြတယ်ဆိုတာလည်း
ကံဇာတ်ဆရာက အခွင့်ပေးသလောက်ပေါ့
ရေစက်အဟုန် ပါရုံလောက်ပေါ့ ။
ခဏတာ အတွေ့မှာ
သာတယ် နာတယ်
ဖြူတယ် မည်းတယ်လည်း
မတွက်လိုတော့ ။
ကိုယ်ပခုံးတစ်ဖက်မျှပေးလို့တောင်
သူ လက်တစ်ဖက်ပြန်မကမ်းနိုင်တဲ့သူအတွက်
မျှော်လင့်ခြင်းဆိုတဲ့စကားဟာ
နာကျင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ပဲ ထွက်မှာ ။
ယူဖို့ ပေးခဲ့ကြတာမှ မဟုတ်တာပဲ ။
ချိုသင်းအေးမြတဲ့ မေတ္တာရနံ့ ကို
အတ္တထူပြောသူတို့ မရှူရှိုက်နိုင်သလို
သာယာညှင်းပျောင်းတဲ့
ချစ်ခြင်းအသံကိုလည်း
နှလုံးသားပေကျံသူတို့
မကြားနိုင်လောက်ပါဘူး ။
ကိုယ့်ရှင်သန်မှုလေး
လင်းရီ ဖြူလွှနေဖို့ပဲ လိုရင်းမဟုတ်လား  ။
တန်ပြန်မီးရောင်တွေကို အသာမေ့ပြီး
စိတ်အတွင်းသား အကြည်ဓာတ်လေးကိုပဲ
ရတန်သရွေ့ ပျိုးယူကြတာပေါ့  ။
______အရှင်ဝိစိတ္တ
Saturday, June 30, 2018
ပိုးကျသွားတဲ့ပန်းပွင့်တွေ
ပိုးကျသွားတဲ့ပန်းပွင့်တွေ
_________________
သိမ်ထဲမှာ သန္ဓေတည်ပြီး
ကမ္မဝါနဲ့အတူ မွေးဖွားခဲ့တာပဲ 
အတ္တ ပရ နှစ်ဖက်လှအောင်
နီတိ သဒ္ဒါ အခါခါလည်း သင်ခဲ့ရရဲ့
အောင်မြင်ခြင်းက ဓားသွားပဲဆို
မြ, အောင်သွေးယူတာ အပြစ်မဟုတ်ဘူး
အထက်လွန်ပြီး သာမဏသညာထိ သွားရှရင်တော့
ရွံရှာဖွယ်အပြစ်ပဲ
မျိုးစေ့လေးဘဝကို ပြန်ကြည့်ပါ
မင်းဖြူစင်ခဲ့တာကို တွေ့ရမှာပါ
အကြော်တစ်ကွင်း
မသိုးထမင်းနဲ့
စားလို့မြိန်ခဲ့တာကို မြင်ရမှာပါ
ရေလိုက်လွဲလာတဲ့ ခေတ်အသစ်မှာ
ကျန်တာမျောချင်တာမျော
မင်း စာရိတ္တ တော့
မမျောစေချင်မိခဲ့
ဘယ်တတ်နိုင်မလဲလေလို့ မင်းဖြေလည်း
ဆင်ခြေ က ဆင်ခြေ
အမှန်တရားက အမှန်တရား
"ဟိရီသြတပ္ပ" ကန့်လန့်ကာတော့
သွင်သွင်ခြားနားနေမှာပါ 
ဘဝကို 
လယ်ယာမြေကောင်းသဖွယ် မထွန်ယက်နိုင်လို့
မကဲ့ရဲ့ပါဘူး
ပွင့်ချင်ဇောနဲ့ ပိုးကျသွားတဲ့
ကိုယ်ကျင့်တရားတွေအတွက်တော့
ဘုရားသာသနာမှာ
ပုတ်စော်နံမှာ စိုးတယ် 
 ____အရှင်ဝိစိတ္တ
ဖျက်ဆေးမရှိ
__________
အကြည့်ရဆိုးပေမယ့်
အချို့သော အစွန်းအထင်းတွေက
ချွတ်လို့မှ မရတော့တာ
မဝတ်ချင်တော့လို့ (အညစ်အကြေးစွန်းပြီးသား အဝတ်ကို) စွန့်ပစ်လိုက်ရင်တောင်မှ
အဲ့သည့် အစွန်းအထင်းတွေက
မျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်းနဲ့ ထင်ဟပ်နေသေးတာမျိုး ...
မေ့ဖို့မလွယ်မှန်း သိလျက်နဲ့
ကိုယ့်ရဲ့အတိတ်ကို ပြည်ဖုံးကားချပြီး
မေ့ပစ်ဖို့စိတ်ကူးတာဟာလည်း ရူးနှမ်းခြင်း တစ်မျိုးပဲ ...
အရှင်ဇောတိဿရ
သျှင်မီးအိမ် (ပန်းတနော်)
အရှင်ဝိစိတ္တ စာစုများ
အမည်းရောင်မဟုတ်ရင်
အဖြူမဟုတ်တဲ့
တခြားအရောင်တွေလည်းရှိတတ်ပါသေးရဲ့
ငါသိ ၊ ငါတတ်
ငါမြင့်မြတ်ဆိုတာတွေဟာ
အရူးရိပ်ကို ပိုမြင့်မောက်စေမယ့်
ဘဝင်မှိုင်းတွေ
ဆုပ်ကိုင်ထားမှုတွေကို
ပြန်ခွာချဖို့ ခဲခက်စေတဲ့
မာနအစေးတွေပါ
အမှန်တရားကို ကြိုက်သူ ရှိသလို
ကြောက်သူလည်း ရှိမှာပေါ့
အပြိုင်အဆိုင် ငြင်းခုံနေကြ
အပြန်အလှန် ရှုံ့ ချနေကြမှာထက်စာရင်
နှလုံးသားကျယ်ကျယ်
နားလည်မှုကြီးကြီးထားလိုက်ကြတာ
နှစ်ဖက်စလုံးမှာ
ပိုကောင်းမယ်
မကင်းနိုင်ကြသေးရင်
မတူညီမှုတွေကိုပဲ လက်ခံ ညှိနှိုင်း
နောက်ကျောက ဝှက်လာတဲ့ ဓားတွေကို
အလံဖြူ နဲ့ ရစ်သိုင်းလိုက်တာ
ပိုကောင်းပါလိမ့်မယ်
ဘဝမှာ ဒီ့ထက်ပျော်စရာကောင်းတဲ့
ဆက်ဆံရေးလေးတွေ စီးဆင်းဖို့
ကိုယ့်ရပ်တည်ချက်ကမ်းပါးယံတစ်ခုလုံး
ပြိုပျက်ပေးစရာမလိုပါဘူး
စူးစူးထွန်းနေတဲ့ အတ္တသောင်အချို့ကိုသာ
ပါးလျဖြေဖျော့ပေးလိုက်ဖို့ လိုအပ်နေတာပါ
Friday, June 29, 2018
ဆရာမ
___
နှစ်ဆယ်တစ်ပတ်လည်အသက်နဲ့
နာမည်ရှေ့က
ဒေါ် တပ်တယ် ။
လော် ကပ်ထားသလို
အသံကျယ်ပြီး
လေးဆယ်ကျော်အပျိုကြီးစတိုင်နဲ့
ဓာတ်ပုံရိုက်ရတာ သိပ်ကြိုက်တဲ့
ပါလေရာ ကလေးဗိုလ် မမ ။
မျှော်စရာ ဆိုရင်လည်း
လစာထုတ်ရက်ပဲရှိလို့
ခေါ်စရာ ဆိုရင်လည်း
အချစ်တော် တပည့်လေးတွေပဲရှိလို့
ဂေါ်မစွံတာလို့တော့
မထင်ပါနဲ့ ။
ဖျော်စရာ
ကော်ဖီထုပ်လေးတွေဆောင်ပြီး
မသိမသာကြောင်ချင်တဲ့သူတွေကို
ဘော်လီပုတ်သလိုရှောင်တတ်တဲ့
ငွေသော်တာ အတွက်တော့
အချစ်ဆိုတာ
ဝိုင်းဝိုင်းလည်နေတဲ့ကလေးတွေကို
မျှပေးလိုက်တဲ့
မှင်နီထိပ်က
အမှတ်လေးတွေလေ ။
လေးကြောင်းမျဉ်းထက်က
မညီမညာ ကကြီး ခခွေး လေးတွေကို
စိတ်ရှည်သလောက်
ကီးဘုတ်ထက်က
မလီပလာ ဘာညာသာတကာတွေဆို
သိပ် စိတ်မရှည်ချင်တဲ့
facebook user ဇာတ်လမ်းတွေရဲ့ 
ဒါရိုက်တာ 
ဒေါ်ဂဂျီဂဂျောင်မလေး ။
ဂီယာ နှစ်ချက်နင်း7
လီဗာ မိုင်ကုန်ဗျင်းပြီး
ရီ(ရယ်)စရာ ဆိုင်ကယ်ဦးထုပ်
အကြီးကြီးဆောင်းတတ်တဲ့
ကျောင်းသွားကျောင်းပြန်လမ်းပေါ်က
ပါဝါရိမ်းဂျား အစိမ်းကောင်လေးနဲ့တူတဲ့
ချစ်ရပါသော
ဆရာမ ။
#ဦးကာ
ကုသိုလ် စွမ်းအား
 ကုသိုလ် စွမ်းအား 💟😊😇☸️🥰😊😇 ဘာကိုအကြောင်းပြုပြီး ပြုတဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်မှန်သမျှ- *အနဝဇ္ဇ=အပြစ်ကင်းခြင်း၊ *သုခဝိပါက=ချမ်းသာကျို...